That Should Be Me
part 21
ကျွန်တော် Tae ကို မတွေ့ရတာ တပတ်ကျော်ပြီ Tae ဆေးရုံဆင်းသွားထဲကပေါ့.Tae က သူ့မိဘတွေ အိမ်မှာသာ ပြန်နေ နေတယ်. ကျွန်တော် သွားတွေ့တော့လည်း ကျွန်တော်ကို ထွက်မတွေ့ဘူး..ဒီနေ့ Tae လေးကျောင်းတက်မယ်လို့ သိရတယ် ဒါကြောင့်ကျွန်တော်လည်း ကျောင်းကိုထွက်လာခဲ့တယ်
......
" ကို ချစ် စီ ဖုန်းလည်း မဆက်ဘူး ချစ်ဆက်တော့လည်း မကိုင်ဘူး ကို ဘာတွေ ဖြစ်နေတာလည်း "ဟုတ်ပါတယ် ဆိုဟီးက ကျွန်တော် အရမ်းချစ်ခဲ့ရတဲ့ မိန်းကလေးပါ ဒါပေမဲ့ ခု ကျွန်တော် နှလုံးသား တခုလုံးက Tae မှ Tae ဖြစ်နေပြီ ကျွန်တော် ကို အပြောင်းအလဲ မြန်တယ် ထင်ကြလိမ့်မယ်.
အပြောင်းအလဲမြန်တာ မဟုတ်ပါဘူး နှလုံးသားက ခုမှ အချစ်စစ်ကို တွေ့သွားတာပါ. အဲ့လိုပြောတော့ ဆင်ခြေလိုထင်မှာပဲ. ဟုတ်ပါတယ် ထင်လို့ရပါတယ် ဒါပေမဲ့ အဲ့ဒါကတော့ အမှန်တရားပါပဲ
ကျွန်တော် Tae ကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုချစ်သွားလည်း မသိပေမဲ့. သေချာတာကတော့ Tae နဲ့ စတွေ့ထဲက ကျွန်တော် နှလုံးသားထဲ ရောက်နေတာ ကျွန်တော်ကသာ မသိခဲ့တာ ကျွန်တော်က အမုန်းတွေ ပွားနေခဲ့တာ နှလုံးသားကတော့ ပုံမှန်လေး Tae ကို ချစ်လာခဲ့တာ ခုမှ ကျွန်တော်က ကျွန်တော်နှလုံးသားနဲ့ ထက်တူကြသွားတာ ဒါပေမဲ့ အချိန်ကတော့နှောင်းသွားပြီ
" ကို ချစ်မေးနေတယ်လေ "
" ဆိုဟီး ငါတို့လမ်းခွဲရအောင် "
" ဘာ ကို ပြောလိုက်တယ် "
" ငါတို့လမ်းခွဲရအောင်လို့ "
" ကို "
" ငါသွားတော့မယ် "ဆိုဟီး pov.. Jeon jungkook နင်က ငါ့ကို အဲ့လို အချိုးမျိုး ချိုးလို့ရမယ်ထင်နေလား အေးကြည့်နေလိုက်လေ ငါက နင့်ကိုရအောင်ကို ယူမှာ
ငါမှ မရရင် ဘယ်သူမှ မရစေရဘူး ဟက်...
...
ကျွန်တော်ဒီနေ့ ကျောင်းပြန်စတက်တယ် အတိတ်မေ့နေသူတယောက်မဟုတ်တာကြောင့် စာကပြန်သင်လို့ရပေမဲ့ Jimin ကအစ လက်မထက်ခင် အချိန်ထိပဲ ကျွန်တော်က မှတ်မိတာလို့ သိထားကြတာ နောက်ပိုင်းအချိန် တွေ သတိမရတဲ့လူလို စာတွေက အစ သေချာပြောပြနေတဲ့ jimin.ကျွန်တော် ဘယ်သူမှ ကို မပြောပြသေးဘူး.ကျွန်တော် အတိတ်မမေ့ဘူးဆိုတာ ကို အဲ့တာမှ ဟန်ဆောင်လို့ပိုကောင်းမှာလေ