2

3.5K 136 1
                                    

That Should Be Me

part 2

ဒီနေ့ ဘာရယ် မဟုတ် သူအပြင်သွားတုန်း သူ့ရဲ့ စာကြည့်ခန်းထဲ ဝင်မိတယ် ရှင်းပေးစရာ များရှိမလားလို့ပါ.သူ့ ရဲ့
စာကြည့်ခန်း မပြောနဲ့ အပေါ်ထက် လှေခါးတောင် တက်ခွင့် ရတာ မဟုတ်ဘူး.မတက်ရဘူးလို့ ပြောထားတာ တော့မဟုတ်ပေမဲ့ သူ က မတက်စေချင်ဘူးဆိုတာ သိနေတော့ ကျွန်တော် မတက်ဖြစ်တာပါ.

ဒီနေ့ တော့ တက်ကြည့်ချင်တဲ့ စိတ်ဖြစ်နေတာ ကြောင့် ခဏလောက်ပဲ ဖြစ်ဖြစ် သူ့ ရဲ့ နေထိုင်ပုံလေး ကို သိချင်မိလို့ပါ...

စာကြည့်ခန်းထဲရောက်တော့ စာဖတ်ရတာ ဝါသနာ ပါတဲ့ သူ့ ရဲ့ စာကြည့်ခန်းက စာအုပ်ပေါင်းမျိုးစုံ.. ကျွန်တော်က တော့ ကျောင်းစာကလွဲလို့ အခြား စာဖတ်ရတာ ပျင်းသူဖြစ်တာကြောင့် စာအုပ်တွေမြင်တာ နဲ့ အိပ်ချင်လာသလိုဘဲ

ဟိုနားဒီနားက စာအုပ်တွေ ကိုင်ကြည့်ရင်း သူ ဒီစာအုပ်လေး ကို ဒီလိုကိုင် ပြီး ဒီလိုဖတ်မှာပဲ ဆိုပြီး အတွေးနဲ့ ပုံဖော်ကြည့်ပြီး ပျော်နေမိသေးတာ. သူ့စာကြည့်စားပွဲ ခုံပေါ်က မှန်ဘောင်လေးကို မမြင်ခင် အချိန်ထိပေါ့.

သူ နဲ့ အမျိုးသမီး တယောက်နဲ့ တွဲရိုက်ထားတဲ့ ပုံလေး. ဓာတ်ပုံထဲက အမျိုးသမီးက လှတယ်. လှတာထက် ပိုတယ်.ရိုးရိုးလေးနဲ့ အနေအေးတဲ့ ပုံလေး.ထိုအမျိုးသမီးလေး က ကျွန်တော်ကျောင်းက Queen လေ.ဓာတ်ပုံလေးထဲက ပုံက တော့ အထက်တန်းလောက်က ရိုက်ထားတာထင်တယ်. ထို ဓာတ်ပုံထဲ က အမျိုးသမီး ဘေးက သူ . ထို အမျိုးသမီး လေး ကို ကြည့်ရင်း ရယ်နေတဲ့ ပုံလေးက. ကျွန်တော် တခါမှ မမြင်ဘူးတဲ့ သူ့ ရဲ့ ပုံလေး.

အဲ့ဒီ အချိန်က သူ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ.ဘယ်လောက်တောင် ကြည်နူး နေလိုက်မလဲ.

ကိုယ့်ချစ်ရသူ နဲ့တူတူ ရယ်မောနေရတာ က ဘယ်လောက်တောင် ပျော်စရာ ကောင်းနေလိုက်မလဲ

ကျွန်တော်ရော...အဲ့လို ပျော်ရွှင်မှု မျိုး ကို သူ့ စီက ရရှိပါ့မလား ဒီတသက်....
....

ဒီနေ့ ကျောင်းရောက်တော့ Jimin ကို Queen ရဲ့အကြောင်းကို နည်းနည်းလောက်မေးမိတယ်

That Should Be Me (complete) Donde viven las historias. Descúbrelo ahora