Part - 46 (Z+U)

6.8K 475 45
                                    

🍼 ဟယ်ကျောင်းခြေထောက်မှ ယွီကျိုးလေးခြေအိတ် | UNI

ချိယွီက ချက်ချင်းပြန်မဖြေဘဲ ဟယ်ကျိုးကို‌မှိုင်တွေစွာကြည့်ကာ သူ့နှုတ်ခမ်းများက တစ်စုံတစ်ခုကို ပြောတော့မလိုလှုပ်ရှားသွားပြီး နောက်တော့ပြန်ပိတ်သွားခဲ့တယ်။

သူ့အိမ်တွင် တစ်ရက်နှစ်ရက်လောက်သာ လိုက်နေသည်ကကိစ္စမရှိမှန်း သူသိသည်။

ချိယွမ်ရှန်းက ရှောင်ကျိုးလေးကိုမရသေးသ၍ သူနှင့်ရှောင်ကျိုးလေးမှာ ခြိမ်းခြောက်မှုရှိနေဆဲဖြစ်သည်။ သူ့ဇာတ်ကောင်အရ ချိယွမ်ရှန်းက ရှောင်ကျိုးလေးကိုမရမချင်း မရပ်မှာကိုစိုးရိမ်မိသည်။

သူငယ်ချင်းအနေနဲ့ ဟယ်ကျိုးသူ့ကိုကူညီသည်မှာ ပုံမန်ကိစ္စတစ်ခုပင်။

ယခုမူကား သူ့ကိုယ်သူ အတောင်ပံများအောက်တွင် လုံခြုံစွာနေရခြင်းနှင့် ညီမျှသည့် ဟယ်မိသားစုအိမ်တွင် နေထိုင်ရန်အထိပါ ဖိတ်ခေါ်လာခဲ့သည်။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သော်လည်း ချိယွမ်ရှန်းရဲ့အမြင်မှာတော့ ဟယ်ကျိုးဟာ ဟယ်ရှောင်းသို့မဟုတ် ဟယ်မိသားစုတစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့ ထင်မြင်ကာ ဟယ်မိသားစုသည်လည်း သူ့ကို စစ်ကြေညာချက်ထုတ်နေသည်ဟု မြင်မည်ဖြစ်သည်။

ဟယ်ကျိုးရဲ့မိသားစုဟာ ရှောင်ကျိုးလေးကို ကာကွယ်ဖို့ အလွန်စေတနာရှိပြီး ဖြောင့်မတ်ကြသော်လည်း သူ့ကြောင့်နဲ့ ဟယ်မိသားစုကိုပါ ရေနက်ထဲဆွဲချမိမည်ကို သူစိုးရိမ်မိသည်...

ချိယွမ်ရှန်းက သွားမစသင့်သည့်သူတစ်ယောက်ဖြစ်သည်။

ချိယွီရဲ့မျက်လုံးများက အနည်းငယ်မှေးမှိန်သွားကာ သူ့ရဲ့အာဒမ်ပန်းသီးဟာလည်း လှုပ်ရှားသွားပြီး : "ဒီကိစ္စကို...မင်းအဖေရောသိရဲ့လား?"

သို့သော် သူ့အတွက်ငြင်းဆိုဖို့ကလဲ မဖြစ်နိုင်သေးပေ။

Alpha နှင့်Omega တို့၏ခြားနားမှုမှာ ယခုအချိန်တွင် အရေးမပါတော့။ သူသိသည်က ၊ ဟယ်ကျိုးမှလွဲ၍ သူနှင့်ရှောင်ကျိုးလေးကို ကူညီနိုင်မည့်သူမရှိပေ။

ဟယ်ကျိုးကပြောလာခဲ့တယ်။ "ရောက်တာနဲ့ ကိုယ်ပြောလိုက်လို့ရတာပဲ"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now