2

6.8K 354 8
                                    

" ထွက်သွား!!!!!!"
" သခင်လေး ကျောင်းချိန်နီးနေပါပြီရှင့် "
" ထွက်သွား လို့ပြောနေတယ်နော် "
" သခင်လေး "

" အိမ်တော်ထိန်း ဘယ်မှာလည်း "
" လာပါပြီ သခင်လေး "
" သူတို့ကို အလုပ်ထုတ်လိုက်တော့."
" ဘာလို့လည်း သခင်လေးရဲ့ "

" ကျွန်တော် အိပ်နေတာကို လာနိုးလို့ "
" သခင်လေး ကျောင်းသွားရတော့မယ်လေ "
" မသွားဘူး "

" သခင်လေး ဥက္ကဋ္ဌ ကြီး လာနေပါပြီ "
" အားး အိမ်တော်ထိန်းကြီး စောစော က မပြောဘူး အဝတ်အစားပေးတော့ "

သခင်လေးဆိုသူ Kim Taehyung ဆိုတာကလေ ကမ္ဘာပေါ်မှာ သူ အကြောက်ဆုံးက သူ့ရဲ့ တဦးတည်းသော အဖိုးဖြစ်သူ ဥက္ကဋ္ဌ ကြီး Kim Minhyung ပဲ ရှိပါတယ်.. ဘာလို့ကြောက်လည်း သိလား သူရဲ့ ကဒ် ကား နဲ့ ဖုန်း တွေ သိမ်းခံထိမှာ ဆိုးလို့ပါ..

" မြေးလေး ကျောင်းမသွားသေးဘူးလား "
" ဟီးဟီး အဖိုး သားက သွားတော့မှာပါ သူတို့ပေါ့ သားကို လာနိုးတာ နောက်ကျလို့ "

သူတို့ရဲ့ တဦးတည်းသော သခင်လေး အကြောင်းကို သိနေကြသူပီပီ ခေါင်းလေးတွေ ငုတ်လို့ ကြိတ်ရယ်နေကြတဲ့ အိမ်ဖော် အမျိုးသမီးများ....

" အဖိုး သား လေ ကျောင်းကိုတယောက်ထဲသွားလို့ရမလား "
" မရဘူး "
" ဟုတ် "
....
ကျောင်းသို့

Kim Taehyung ဟာ ဆိုရင် စီးပွားရေး ပထမနှစ် တက်မည့် ကျောင်းသားလေးတယောက်ပဲ ဖြစ်ပါတယ်...

" Taehyung "
" ဟ jimin "
" မင်းကနောက်ကျလိုက်တာ "
" ငါ့အကြောင်းမသိတာခက်လို့ "
" ငါမေ့သွားတာ "
....

" ရား ကောင်မ အဲ့တာ Kim Group က Kim Taehyung မဟုတ်ဘူး "
" အေးဟုတ်တယ် လေ သတင်းထဲမှာပဲ မြင်ဘူးတာ အပြင်မှာတော်တော်ချောတာပဲ "
" ငါ လိုယောကျားလေး အမြင်ပြောရမယ်ဆို လှတာ ဟ လှတာ "

" အေးကွ နင်တို့လို မိန်းကလေးကတော့ ချောတယ် ပြောမှ ပေါ့ ငါတို့ယောကျားလေး ကျတော့ လှတယ် ပြောရမှာ နော် ဟေ့ရောင် "
" နတ်ဘုရား ဖန်ဆင်းထားတယ် ဆိုတာ ဒါမျိုးထင်တယ် "

" kim group ရဲ့ တဦးတည်းသော အမွေဆက်ခံသူပဲ ဒီလောက်တော့ရှိမှာပေါ့ "
"သူ့ကိုရတဲ့ သူကတော့တော်တော် ကံကောင်းတဲ့သူပဲ "
" ဟေ့ရောင် အလှလေးက ရည်းစားတောင်မထားဘူး ဘူးတဲ့ "

Kim Mixer (complete) Where stories live. Discover now