" ရေး ပျော်လိုက်တာ ပျော်လိုက်တာ "
ဒေါက်ဒေါက်ကျွန်တော် အခန်းထဲ ဝင်သွားတော့ ကုတင်ပေါ်မှာ ခုန်ပေါက်နေတဲ့ ကောင်လေး ဘာတွေများ ပျော်စရာ ရှိနေလည်း မသိ ခုန်နေလိုက်တာများ
ကျွန်တော်ဖြင့် ကုတင်ပေါ်က ပြုတ်ကျမှာဆိုးလို့ အသဲတွေယားနေတာပဲသူကတော့ အခုန်မပျက်..
ပြီးတော့ တခန်းလုံးလည်း အဝတ်တွေ ပွလို့ ဗီဒို ထဲ က အဝတ်တွေ အကုန် ဖွထားသလား အောင့်မေ့ရတယ်" ကောင်လေး ဘာလုပ်နေတာလည်း "
" အဝတ်အစားရွေးနေတာလေ "ဒါတောင် ကုတင်ပေါ်မှာ ခုန်ရင်းဖြေနေသေးတာ
" အဝတ်က ရွေးတာလား ဖွတာလား "
" ဟာ jungkook ရွေးနေတာ ဝတ်စရာ မရှိလို့ "
" ဘာ ဒီလောက်အများကြီးက ဝတ်စရာ မရှိဘူး ဟုတ်လား "" အင်း ဝတ်ပြီးသားတွေ ကြီးပဲ "
" အော် အဝတ်အစားက ဒီလိုပဲ ပြန်ဝတ်ရတာလေ "
" သိဘူး ခု ဝတ်စရာ မရှိဘူး "" နေပါအုံး ဘာတွေ ပျော်နေတာလည်း.
" ကျောင်းက ပျော်ပွဲစားခရီးထွက်မှာတဲ့ "
" အဲ့တာ ဥက္ကဋ္ဌကြီး ကလွှတ်လို့ လား "" မလွှတ်လည်း သွားမှာပဲ ကျွန်တော်က "
" ငါ ပါ လိုက်ခဲ့မယ် "
" မရပါဘူး ကျောင်းက Bus နဲ့ သွားမှာ ""သွားပေါ့ အိမ်က ကားနဲ့ လိုက်မှာ "
" ဘာလို့ သူများပြောသလို လိုက်ပြောနေတာလည်း "
" ဘာဖြစ်လည်း ပြောတော့ "" ဟာ jungkook က ကလေးလား ကလေးလိုပြောနေတယ် "
" ပြောမှာပဲ "ကျွန်တော် သူပြောသလို ကလေးတယောက်လို ရွဲ့ပြီး ပြောနေတော့ ကုတင်ပေါ်က ဆင်းလာခါ ကျွန်တော် ရှေ့တည့်တည့်လာရပ်ပြီး ခါးထောက်ကာ ပေစောင်းစောင်းနဲ့ လာကြည့်တဲ့ ကောင်လေး ကျွန်တော် စချင်လာတာနဲ့ ကလိထိုးလိုက်တော့
" ဟာ jungkook ဂလိမထိုးနဲ့လေ"
ကောင်လေးနဲ့ ကျွန်တော် ရယ်သံတွေကြား တောင်ပန်သံတွေရော ရုန်းရင်းဆန်ခက်နဲ့ ကောင်လေးက ကုတင်ပေါ်တက်ပြေးတော့ ကျွန်တော် နောက်က လိုက်ကာ ဖမ်းချုပ်ပြီး ကလိထက်ထိုးတော့ ရယ်လိုက်တာများ 7 အိမ်ကြား 8 အိမ်ကြားဆိုတာ အဲ့လိုအသံမျိုး