5

4.8K 280 0
                                    

ကျွန်တော်တို့နှစ်ယောက် ဂိမ်းဆိုင်ထဲက ထွက်လာတော့ ဟို ကောင်လေးက အခဲမကျေသေး

သူမနိုင်လို့တဲ့ ပွစိပွစီနဲ့ ကားက လမ်းထိပ်မှာ ရပ်ခဲ့လို့ လမ်းထိပ်ထိ လမ်းလျှောက်လာကြရင်း အနောက်ကနေ ဆိုင်ကယ်တစီးလာတဲ့ အသံကြားလို့ လှမ်းကြည့်လိုက်တော့

ဆိုင်ကယ်အနောက်မှာထိုင်တဲ့ တယောက်က ကောင်လေးကို ရိုက်ဖို့ ဒုတ်နဲ့ ရွယ်ပြီး အလာ

ကျွန်တော်ကောင်လေးကို ဆွဲလှည့်လိုက်ပြီး ကာလိုက်တော့ ကျွန်တော် ကျောကုန်းကို ပဲ ရိုက်မိလိုက်တယ် ကောင်လေးသာဆို ခေါင်းကို ရိုက်မိမှာ အမှန်ပဲ..

" jungkook ဘာဖြစ်သွားသေးလည်း "
" ဘာမှ မဖြစ်ဘူး "
" ဘာကို ဘာမှ မဖြစ်တာလည်း ဒုတ်နဲ့ ရိုက်ခံရတာလေ "

" ဘာမှ မဖြစ်ဘူးလို့ လာမြန်မြန်သွားမယ် "

တကယ်တော့ နာတာပေါ့ဗျာ ဒါပေမဲ့ ကောင်လေးက မေးနေတာ ငိုသံလေးနဲ့ ပြီးတော့ ကြောက်နေတဲ့ ပုံလေး ကားနားရောက်တော့

" jungkook ကျွန်တော် ကားမောင်းပေးရမလား"
" ရတယ် ဘာမှ မဖြစ်ဘူး "
" တကယ်လား "

" တက်တော့ ကြာကြာနေလို့မကောင်းဘူး "
" ဟုတ် "
" နောက် ငါမပါဘဲ ဘယ်မှ မသွားရဘူး "

" ဘာလို့လည်း"
" ပြန်မေးနေသေးတာလား"
" မေးရမှာပေါ့ "

" ဒါဆို ဒီနေ့ဖြစ်တာ ဥက္ကဋ္ဌ ကြီးကို ပြောပြလိုက်မယ်လေ "
" ဟင့်အင်း မပြောပါနဲ့ အဖိုးစိတ်ပူနေလိမ့်မယ် မပြောပါနဲ့နော် jungkook "

" ငါပြောတာ လက်ခံလား "
" ဟုတ် ဒါနဲ့ မနက်ဖြန် ဂိမ်းထက်ပြိုင်အုံးမှာနော် "
" ဘာ "

" အိမ်မှာပဲ ကျွန်တော် အခန်းမှာ ဆော့လို့ရတယ်"
" အဲ့ဒါများ အိမ်မှာဆော့ပါလား "
" အဖော်မှ မရှိတာ "

" jimin ကိုခေါ်ဆော့ပေါ့ "
" သူက ပြန်ရတာဝေးလို့တဲ့ "
" နောက်ဆို ငါနဲ့ဆော့မယ် "
" တကယ် နော် တကယ် နော် "

သူနဲ့ ဂိမ်းတူတူဆော့ပေးမယ်လည်း ပြောရော ကလေး တယောက်လို ​ပျော်ပြီး ကားပေါ်မှာ ခုန်စွ ခုန်စွနဲ့ ပျော်နေရင်း ကျွန်တော် လက်မောင်းကို လှုပ်ခါ ပြောလာတဲ့ကလေး ပခုံးကနာ နေပါတယ် ဆို

Kim Mixer (complete) Where stories live. Discover now