29

3.2K 160 0
                                    

" ကောင်လေးရေ "
" အင်းးးး"
" ထတော့ကွာ အပြင်သွားမယ် "

" ကျောင်းပိတ်တုန်း အိပ်ရတာလေ hyung ရာ"
" ဒါဆို မဂ်လာဆောင်ဖို့ ရက်ရွေ့ကြတာပေါ့"

ကျွန်တော် အဲ့လိုလည်း ပြောလိုက်ရော စောင်ပုံထဲကနေ ငေါက်ခနဲ ထထိုင်လာတာ ကောင်လေး

" ဘာလို့ရက်ရွေ့ရမှာလည်း"
" ခုမဂ်လာဝတ်စုံ သွားကြည့်မလို့လေ ကောင်လေးက အိပ်ချင်သေးတယ်ဆိုတော့.....".

" စောစော ကပြောရင် စောကြီး ထမှာပေါ့လို့ "
" အဲ့လောက်တောင် မဂ်လာဆောင်ချင်နေပြီလား "
" မဟုတ်ပါဘူး "
" ဒါဖြင့် ဘာလို့ "

" ကျွန်တော်မှ မယူရင် hyung လူပျိုကြီး ဖြစ်သွားမှာ စိုးလို့"

" ဖြစ်စရာလား hyung က ခုမှ 25 ကျော် 26 ပဲ ရှိသေးတာ ပြီးတော့ လိုချင်တဲ့ မိန်းကလေးများတန်းစီလို့ "

" ဘာပြောတယ် တကယ်တန်းစီနေတာပေါ့လေ"
" ဟုတ်တယ် "

ကျွန်တော့စလိုက်တော့ ချက်ချင်းဆိုသလိုပင် မျက်နှာတည်သွားတဲ့ကောင်လေး

" ပြန်တော့ "
" ဘာလို့လည်း "
" ပြန်တော့လို့ပြောနေတယ်လေ "

" ဘာလို့ပြန်ရမှာလည်း ကောင်လေးနဲ့တူတူ အပြင်သွားမလို့လေ "
" မသွားဘူး ပြန်တော့ "

" ကောင်လေး hyung က စတာပါ ဘယ်လောက်ပဲ တန်းစီ ရှိရှိ ဒီ hyung က ကောင်လေး
တယောက်ထဲကို ပဲ ချစ်တာ "

ကျွန်တော်ကို ကျောပေးကာ စိတ်ကောက်နေတဲ့ ကောင်လေး ခါးကနေ သိုင်းဖက်ထားလိုက်ပြီး ပခုံးပေါ်မေးလေးတင်ပြီး ပြောလိုက်တော့

" ဗလ ကြီးနဲ့ လာချွဲမနေနဲ့ တော်ပြီ လက်မထက်ချင်တော့ဘူး "
" ဟိတ် ဟိတ် ကောင်လေး ဒါတော့မရဘူးနော် "

" မရရင် ရ အောင် လုပ်တက်တာ Kim Taehyung ရဲ့အကျင့်.. Kim Taehyung ရဲ့ ဘဝ မှာ မရဘူးဆိုတာ ဘာမှ မရှိဘူး.."

" ဒါလေးတော့ ချွင်းချက်လေး ထားပါဗျာ "
" ထားချင်ပါဘူး မသိရင်ပဲ သူ့ကို ကျွန်တော်က အတင်းယူပါလို့ပြောနေတာကြနေတာပဲ "

" ဟုတ်ပါတယ် hyung က သာ ဒီကောင်လေးကို အရူးအမှုးဖြစ်နေရတာပါ သူများလက်ထဲ ပါသွားလေမလားဆိုပြီး ရင်တမမ နဲ့ ကြည့်ခဲ့ရတာပါ "

Kim Mixer (complete) Where stories live. Discover now