ကျွန်တော်အလုပ်ကိစ္စရှိလို့ ခွင့်ယူထားတာ
ကြောင့် ကောင်လေးနဲ့ မတွေ့တာ တပတ်ရှိနေပြီ ထိုကောင်လေးကလည်း ဖုန်းလေးတချက်တောင်မဆက်ဘူးနော်ကျွန်တော်အလုပ်ထွက်သွားတယ် ထင်လို့များလားတော့မသိ... ခုကျွန်တော် သူအခန်းတံခါးဖွင့်လိုက်တော့...
" ထွက်သွား! !!!! "
" ကောင်လေး ဆိုးနေပြန်ပြီလား "
" ဟင် jungkook ခင်များအလုပ်ထွက်သွားတာ မဟုတ်ဘူးလား "" ကိစ္စလေး ရှိလို့ ခွင့်ယူထားတာလေ "
" အော် "
" ထ တော့ ကျောင်းသွားရမယ် "
" လာတာနဲ့ အာဏာပြပြီ"" ဟော ပြီးတော့ပြောရအုံးမယ် ဂိမ်းနိုင်ထားတာလေ "
" အဲ့တော့ဘာဖြစ်လည်း "
" ညနေစာ သင်ရမယ်လို့ "စာသင်ရမယ်လည်းပြောလိုက်ရော နှုတ်ခမ်းကို ဆူ မျက်စောင်းကို ထိုးက ရေချိုးခန်းဘက် လှည့်ထွက်သွားတဲ့ Kim Mixer...
ကျွန်တော် မရှိတဲ့ ရက်တွေမှာလည်း ကျောင်းသွားခါနီး မျိုးစုံမွှေတာတဲ့ ကားသော့တွေ ဖွက်ထားပြီး တအိမ်လုံး ကို ရှာခိုင်းတယ်တဲ့...
မနက်စာကို မကြိုက်ဘူးဆိုပြီး တမျိုးပြီး တမျိုး ချက်ခိုင်းတယ်တဲ့....
ကိတ်မုန့်လုပ်မယ်ဆိုပြီး တအိမ်လုံး ဂျုံတွေ ဖွေးနေအောင်ဆော့တယ် တဲ့...
ကျွန်တော်မလာလို့ဆိုပြီး ကျောင်းသွားခါနီး အော်ငိုလို့ချော့ရသေးတယ်တဲ့ ဘယ်သူက ထင်မှာလည်း တက္ကသိုလ် ကျောင်းသားလို့
ဒီလောက်မွှေတဲ့ ကောင်လေးကို Kim Mixer လို့နာမည်ပေးတာ မမှားပါဘူးနော်....
ဒီကောင်လေးကို ကျွန်တော် ဘယ်လိုတွေ လုပ်မှ ကုမ္မဏီ ကို ဦးစီးနိုင်တဲ့ ရင့်ကျက်တဲ့ကောင်လေး ဖြစ်လာမှာလည်း....
....
ဒီနေ့ ကျောင်းသို့ ရောက်တော့" jungkook ကျွန်တော်သွားပြီ နော်ကားထဲ ကပဲ စောင့်နေ "
" ဟုတ်ပြီလေ "
...ကျွန်တော် ကားပေါ်မှာပဲ ထိုင်စောင့်နေလိုက်တော့တယ် နေ့လည်လောက်ရောက်တော့ထွက်လာပါပြီ ထိုကောင်လေး
ကျွန်တော် ညောင်းလို့ကားပေါ်က ဆင်းစောင့်နေတုံး လှမ်းကြည့်မိတော့ သူ့သူငယ်ချင်းနဲ့စကားပြောလာနေတာ သူပဲ ပြောနေတာ ဘေးက အကောင်ပေါက်လေးကလည်း ရယ်နေတာများ မျက်လုံးပါပျောက်တယ်.