" ထွက်သွား! !!!!! "
" ကို့ကို နှင်ထုတ်တာလား "တံခါးဖွင့်သံကြားရုံနဲ့ မောင်းထုတ်တက်တဲ့ ကောင်လေး ကျွန်တော် အသံလည်းကြားရော ချက်ချင်းဆိုသလိုပင် စောင်ပုံထဲကနေ ငေါက်ခနဲ့ ထ ထိုင်လာတဲ့ကောင်လေး
" ဟင် jungkook ရောက်လာပြီလား "
" ကျောင်းသားက ဝီရိယ မရှိပေမဲ့ ကျောင်းပို့မဲ့ သူက ဝီရိယ ရှိရတာပေါ့ "
" ဘာပြောတယ် "" မဟုတ်လို့လား.
" ဒဏ်ရာ သက်သာလား "
" အင်း သက်သာပါတယ် "
" ပြ "" ဟင် ခုလား "
" အင်း ခုကြည့်ချင်လို့ ပြ "ဟာ ဒီကောင်လေးနဲ့တော့ အဝတ်အစားက သေချာ ဝတ်လာတာကို ခုပြရမယ်ဆိုတော့
" ဘာလည်း မပြချင်လို့လား ရတယ် "
ပြောပြီး ဇောင့် ဇောင့်နဲ့ ရေးချိုးခန်းထဲ ဝင်သွားတဲ့ ကောင်လေး အထဲကနေ လှမ်းအော်တာက
" အပြင်မှာ စောင့်နေ အဝတ်အစားလဲပြီး ထွက်ခဲ့မယ်"
" အဝတ်အစား ထုတ်ခဲ့ပေးမယ် အဲ့တာ ဝတ်ခဲ့ "Tae pov ...ဘာလည်း ငါ့ဘာသာ ဘာဝတ်ဝတ်ပေါ့ဟွန့်
ကျွန်တော် ရေချိုးပြီး အခန်းပြင်ထွက်လာတော့ ထုတ်ပေးထားတဲ့ အကျီက အညိုရောင် နဲ့ အသားရောင်အကျီ. လောင်းကုတ် အညိုလေးနဲ့
Tae pov..ဟက် အဝတ်အစားတော့ လိုက်ဖက်အောင် ရွေးတက်သား
ကျွန်တော်လည်း သူထုတ်ပေးတာ ဝတ်ပြီး အောက်ဆင်းလာတော့ လှေခါး အောက်ကနေ ပြုံးပြီး ကြည့်နေတဲ့ ထိုလူ
Tae pov..ဘာလို့ အဲ့လောက်ကြည့်ရတာလည်း
" အဲ့လိုလေး လိုက်တယ် "
" ကျွန်တော်က ဘာဝတ်ဝတ် လိုက်တယ် "
" ဟုတ်ပါပြီ မနက်စာ စားပြီးမှ သွားမယ်"" ကျွန်တော် အပြင်မှာ စားချင်တယ် "
" ဘာစားချင်တာလည်း "
" strawberry များကြီးပါတဲ့ ကိတ် စားချင်လို့ အဲ့တာ ဟို DNA Hotel က ကိတ်ဆိုင်မှာ ဝယ်ပေးနော် ကျွန်တော် အဲ့ဆိုင်က ကိတ်ပဲ စားတက်တာ "
" ဟုတ်ပါပြီ "
....
Hotel ရှေ့ရောက်တော့" ကောင်လေး ကားထဲ မှာ စောင့်နေနော် ဘယ်မှ မသွားနဲ့ "
" ဟီးဟီး "
" မရယ်နဲ့ ပေါက်ကရ လုပ်ရင် မလွယ်ဘူးမှတ် "