" အဖိုး "
" လာ ငါ့မြေး jeon. မင်းပဲ သွားချော့တော့ "
" အခန်းသော့အပိုရှိလား "
" ဒီမှာ အဆင်သင့်ပဲ "ကျွန်တော် အခန်းသော့ ယူကာ အိမ်ပေါ်ထက်သို့တက်လာခဲ့လိုက်တယ်
အောက်မှာ ကျန်ခဲ့တဲ့ သူတွေ အားလုံးကတော့ ကျွန်တော်ကို စိုးရိမ်တဲ့ အကြည့် တွေနဲ့ ကျန်နေခဲ့တော့တယ်
" ကောင်လေး အကို ဝင်လာမယ်နော် "
" မလာနဲ့ ခင်များထွက်သွားပြီးပြီပဲ ပြန်လာစရာ မလိုဘူး "ပြောမရတာ သိနေတော့ တံခါးဖွင့်ပြီသာ ဝင်လာခဲ့လိုက်တယ် ဝင်ဝင်ခြင်းမှာပဲ စီးကြိုခံရလိုက်ရတာက
ခွက်
"အာ့ "
အပစ်အခက်ကတော့ ... အလားပဲ ဆိုသလိုပင် နဖူးတည့်တည့်ကို လာမှန်တဲ့ ပန်းအိုး..
ကျွန်တော်လည်း အနောက်ကို ဖင်ထိုင်လျှက် လဲကျသွားတော့တယ်..
အဲ့တော့လည်း ပြာပြာ သလဲ ပြေးလာရှာတဲ့ ကောင်လေး
" hyung "
ကျွန်တော်လဲကျသွားသည် နှင့် အပြေး ကျွန်တော်နားကို ရောက်လာခါ ကျွန်တော် နဖူးကို လန့်ပြီး တုန်နေတဲ့ လက်ကလေးတွေ နဲ့ လာကိုင်တဲ့ ကောင်လေး
ခုမှ အနီးကပ်ကြည့်လိုက်ရတာ ကောင်လေးရယ် နှစ်ရက် အတွင်း ပိန်သွားလိုက်တာ မျက်နှာလေးကို ကျလို့ မျက်ကွင်းတွေလည်း ညိုပြီး မျက်လုံးလေးတွေ က ဖောင်းပြီး ရဲနေတာပဲ
ကိုယ့်နဖူးက ဒဏ်ရာက မနာပဲ ကောင်လေးကို မြင်လိုက်ရတာ ရင်ဘက်တခုလုံးက နာလာတယ်..
" hyung ကျွန်တော်တောင်းပန်ပါတယ် hyung ကို ပစ်လိုက်တာ မဟုတ်ဘူး ဒီတိုင်း ကျွန်တော်က ပစ်လိုက်တာ hyung ကို ထိပါစေဆို ပြီး မရည်ရွယ်ပါဘူး"
" ကောင်လေး ဘာလို့ အဲ့လိုနေနေတာလည်း "
" ဟင် hyung "" မင်းကို ခုလိုပုံစံတွေ့ရတာ hyung နဖူးက နာတာထက် ဒီရင်ဘက်ကြီးထဲက နာတယ် သိလား "
" hyung "
" ဘာလို့ ကိုယ့်ကိုကိုယ် အမြဲ အနာတရ ဖြစ်အောင်လုပ်ရတာလည်း ဘာလို့ ဒီခန္တာကိုယ်သေးသေးလေးကို ပဲ အပြစ်ပေးနေရတာလည်း ဘာလို့များ ကိုယ့်ကိုကိုယ်ပဲ ထိခိုက်စေရတာလည်း "