19

3.3K 195 0
                                    

ဒီနေ့ ပြစ်ဒဏ်အနေနဲ့ Kim group က တည်ဆောက်ထားပေးတဲ့ Kim မိဘမဲ့ ဂေဟာ ကို ကျွန်တော်နဲ့ ကောင်လေး ထွက်လာခဲ့ကြတယ်

ကားထဲ မှာ လည်း ကလေးချစ်တက်တဲ့ Kim Mixer လေးက အရုပ်တွေ ရော မုန့်တွေရော အဝတ်အစားတွေရော အပြည့်ထည့်လို့ပေါ့

.ကျွန်တော် တို့ ဂေဟာ ရောက်တော့ ကလေးတွေ အများကြီး ပဲ စီးကြိုနေကြတယ် ဘာလို့ဆို ကျွန်တော်ရဲ့ Kim Mixer လေး လာမှာ မို့လို့လေ

ကလေးတွေက လည်း ထိုကောင်လေး လာရင် အရမ်းပျော်ကြတာတဲ့

ပိုက်ဆံရှိ သူဋ္ဌေးသားလေး အဆိုးလေးလို့ လူတွေက မြင်ကြပေမဲ့ တကယ်တန်းက အဲ့အဆိုးလေးက သူတို့ ထင်သလို မဆိုးဘူးဆိုတာ လူတွေက မသိကြဘူး.

ပတ်ဝန်းကျင်ဆိုတာမျိုးကလည်း ဘယ်လောက်ကောင်းနေနေ ဆိုးတာလေး တခုကိုပဲ အပြစ်ပြောချင်ကြတာ မဆန်းပါဘူး..

အထူးသဖြင့် ဒီလို ပိုက်ဆံရှိသားသမီးတွေ ဆို ပိုဆိုးတာပေါ့ဗျာ

အခြားဆိုးတဲ့သူတွေလည်း ရှိကောင်းရှိနေနိုင်ပေမဲ့လို့ ..အဲ့ဒီထဲမှာ ကျွန်တော် ရဲ့ ကောင်လေး ​တော့မပါတာ သေချာတယ် ...

" hyung က သားတို့စီ ခုမှ လာတော့တယ် သားတို့က မျှော်နေတာ ဗျ "

" hyung ကျောင်းတက်နေလို့ မလာဖြစ်တာပါကွာ နောက်ဆို ခဏခဏ လာလည်မယ် ဒီ hyung နဲ့တူတူ "

" ရေး....ဟေ့ရောင်တွေ Hyung က ခဏခဏ လာမယ်တဲ့ "

" jungkook ကားပေါ်က မုန့်တွေ ချပေးပါလား "
" အင်း ကောင်လေး "

" ကလေးတွေ မလုရဘူးနော် hyung ပေးမှ ယူကြ ကြားလား "
" ဟုတ်ကဲ့..... ဆရာ..."
...

" ကျောင်းအုပ်ကြီး ဘာတွေလုပ်စရာရှိလည်း"
" သခင်လေးရယ် ဘာမှ မလုပ်ပါနဲ့ ခုလိုလာတာနဲ့တင်ကျေးဇူးတင်ပါတယ် "

" အာ ကျောင်းအုပ်ကြီးကလည်း ကျွန်တော်ကို သခင်လေးလို့မခေါ်ပါနဲ့ Taehyung လို့ပဲ ခေါ်ပါ "
" မဟုတ်တာ သခင်လေးရယ် "

" ကယ် ပြောရခက်ပြီ ပြီးတော့ ဘာလုပ်စရာ ရှိလည်း ကျွန်တော်က ပြစ်ဒဏ်နဲ့ လာရတာနော် "

" ဟားဟား ဥက္ကဋ္ဌ ကြီး ပြစ်ဒဏ်လား "
" ဟုတ် "

" အဲ့တာဆို ကလေးတွေ နဲ့သာ သွားဆော့ပါတော့ သခင်လေးရယ် "
" အော် မိတ်ဆက်ပေးရအုံးမယ် ဒါ ကျွန်တော်ရဲ့ Hyung Jeon Jungkook တဲ့ "

Kim Mixer (complete) Where stories live. Discover now