3

5K 318 3
                                    

အိမ်ထဲ ဝင်ဖို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတဲ့ Taehyung

" မြန်မြန် ဝင်လာခဲ့ "
" ဟုတ် "
" အတက်ကောင်းတွေ တက်နေပြန်ပြီပေါ့ "
" အဖိုးအဲ့တာကလေ "

" အိမ်ပေါ်ကနေ တွယ်ဆင်းတယ် အားမရလို့ အုတ်တံတိုင်းပါကျော်တယ် ဘာလည်း သူခိုးလမ်းပြလား "
" ဟီး အဖိုး ကလည်း သားကလေ "

" ဘာလည်း ငါ့အုတ်တံတိုင်းက နှိမ့်နေသေးတယ်ပေါ့"
" ဟုတ်ပါဘူး အဖိုးရဲ့ "
" မင်းအပြစ် မင်းသိလား "
" ဟီး ဟင့် ဟင့် အဖိုး "
" ခုမှ လာငို ပြမနေနဲ့ သွားအိပ်တော့"
" ဟုတ် "

ထိုကလေး မိဘတွေ မရှိတော့လို့ အလိုလိုက်ထားတာ တဖြေးဖြေးပိုဆိုးလာတယ် အရင်က သူများအသားနာအောင်မလုပ်တက်ဘူး ဒီနေ့တော့လုပ်လာလိုက်တာ တဖက်က ခေါင်းကွဲသွားတယ်တဲ့

သတင်းတွေလည်း ပြန့်လို့..လူငယ်ချင်းဖြစ်တဲ့ ကိစ္စဆိုတော့ ရှင်းစရာ မလိုပေမဲ့ ကလေးအတွက် အန္တရယ်ရှိလာနိုင်တာမို့ တခုခု တော့ စီစဥ်ထားရတော့မယ်

မြေးလေးတယောက်ရှိပါတယ် ဘာမှ အားမကိုးရသေးဘူး..Kim Group ကို အမွေဆက်ခံမဲ့ သူက ဘာမှ မတက်လို့မဖြစ်သေးဘူး....

.....
" သခင်လေး ဥက္ကဋ္ဌ ကြီး ခေါ်ခိုင်းလို့ပါ"
" ဒီနေ့ ကျောင်းပိတ်တယ်လေ "
" ခုချက်ချင်းလာခဲ့ပါတဲ့ "
" လာပြီ လာပြီ "

" အဖိုး ဘာပြောမလို့လည်း "
" ဟိုမှာ မင်းအတွက် တယောက်ရွေး "
" အဖိုး ဘာလုပ်ဖို့လည်း "
" မင်းအတွက် သက်တော်စောင့် "

" အဖိုး သားတယောက် ထဲ နေချင်ပါတယ်ဆို "
" မင်း ကဒ်သိမ်းရမလား ကားသိမ်းလိုက်ရမလား သက်တော်စောင့်ရွေးမလား "
" ဟုတ် "

ကျွန်တော်ရှေ့မှာ ခန္တာကိုယ်တောင့်တောင့်တင်းတင်း အရပ် အားဖြင့် 6 ပေကျော် အမျိုးသား 6ယောက် ကျွန်တော်က 5 ပေ 10 အရပ်ရှိပေမဲ့ ခန္တာကိုယ်သေးသေး အကောင်လေးနဲ့ ယှဥ်ရင်တော့ ထိုလူတွေက ကြောက်စရာကြီးတွေပေါ့

ကျွန်တော် တယောက်ချင်းစီ လိုက်ကြည့်နေရင်း နောက်ဆုံးမှ ရောက်လာတဲ့ 7 ယောက်မြောက် လူ

အခြားသူတွေနဲ့ မတူအောင် တမျိုးကို ကျွန်တော်မျက်လုံးထဲမှာတော့ ဆွဲဆောင်မှုရှိနေတယ် Suit
အပြည့်ဝတ်ထားတဲ့ အမျိုးသား 7 ယောက်ထဲ မှာ မှ သူက ပိုခန့်နေတယ်. တည်ကြည်တဲ့ မျက်နှာပေါ်မှာ ဝိုင်းဆက်နေတဲ့ မျက်ဝန်း လေးက ကြည်လို့

Kim Mixer (complete) Where stories live. Discover now