ကောင်လေးနဲ့ ကျွန်တော် ချစ်သူဖြစ်ပြီး နောက်ပိုင်း ကောင်လေးက အမြဲ ကျွန်တော်ကို hyung လို့ခေါ်လာတယ်
အရင်လိုဂျစ်တစ်တစ်လေး မဟုတ်တော့ပေမယ့် မွှေတာတော့ မွှေသေးတာပေါ့လေ...
အိမ်မှာတော့ ဘယ်သူမှ မသိအောင်နေနေပြီး အပြင်သွားရင် တော့ တပူးတွဲတွဲပေါ့ ကျွန်တော်တို့တွေ ဒီနေ့ အပြင်မှာ ချိမ်းတွေ့ပြီးလျှောက်လည်ကြဖို့လုပ်ထားတယ်
" hyung သွားကြမယ်လေ "
" ငါ့မြေး ဘယ်သွားမလို့လည်း "
" အာ သား စာကြည့်တိုက်သွားမလို့ "
" ဟုတ်လား"
" ဟုတ် အဖိုး"
" အေး သွားသွား "
...ကားပေါ်ရောက်တော့
" ကောင်လေး ဘယ်သွားချင်လည်း "
" hyung ဟန်မြစ်နားသွားကြမလား "
" အွန်းကောင်လေး သဘော "ကျွန်တော် တို့ဟန်မြစ်နားရောက်တော့ မြက်ခင်းပြင်ပေါ်မှာ အခင်းလေးခင်းပြီး ဝယ်လာတဲ့ မုန့်တွေစားကာ လေညှင်းခံရင်း
" ကောင်လေး "
" အင်းပြော hyung "
" အကို ကို တကယ်ချစ်တာလား "
" ဘာလို့အဲ့လိုမေးတာလည်း ကျွန်တော်ကို မယုံလို့လား"" အကယ်၍ ဥက္ကဋ္ဌ ကြီးက သဘောမတူရင်ရော "
" ဒါဆို အကို က ကျွန်တော်ကို ထားခဲ့မှာလား "
" ကောင်လေးကရော ""ကျွန်တော် အတွက် hyung က အချစ်ဦးလည်း ဖြစ်သလို အချစ်ဆုံးလည်း ဖြစ်တယ် ပြီးတော့ နောက်ဆုံး အချစ်လည်း ဖြစ်ချင်တယ် hyung "
" အကိုကလည်း ကောင်လေးကို ဘယ်တော့မှ မထားခဲ့ဘူး ဟုတ်ပြီလား ပြီးတော့ နောက်ဆုံးအချစ်လည်း ဖြစ်စေရမယ် ပြီးတော့ အရမ်းလည်း ချစ်တယ် ပြွတ် "
" ဟာ hyung "
" ဘာဖြစ်လည်း ကိုယ့် ကောင်လေး ကို နမ်းတာ "
" အဲ့တာဆို ထက်နမ်း "" ဟ ဒီကောင်လေးကတော့ "
" ဘာလည်းမနမ်းဘူး ပေါ့ ဟွန့် "
" နမ်းရမှာပေါ့ "ဟန်မြစ်ဘေးက မြက်ခင်းပြင် ရဲ့နေရာ အစုံမှာ အတွဲကိုစီ မိသားစုတွေ ကလေးတွေ နဲ့ ပျော်ရွှင်စွာ အပန်းဖြေနေကြတဲ့ ထဲ မှာ ကျွန်တော်တို့ ချစ်သူနှစ်ဦးကလည်း အနမ်းတွေပေးကာ သာယာတဲ့ Date လေးကို ဖန်တီးရင်းပေါ့...