" အဖိုးသား ဆေးရုံမှာ မနေချင်တော့ဘူး "
" ခဏလောက်တော့နေပေးပါ သားရယ် "
" သားဆေးရုံတွေမုန်းတယ် မနေချင်တော့ဘူး "" ကောင်လေး အကို ရှိတယ်လေ "
"ဟင့် ဆေးရုံမှာ မနေချင်ဘူး "
" ကောင်လေး အကို့ ကို သေချာကြည့် အကို အနားမှာ တချိန်လုံးရှိနေပေးမယ် ဟုတ်ပြီလား "ကျွန်တော် ကောင်လေးလက်ကလေးကို ဆုတ်ကိုကာ မျက်လုံးခြင်းစုံပြီး ပြောလိုက်တော့
" ကျွန်တော် ကြောက်တယ် hyung ကျွန်တော် ခေါင်းထဲ အဲ့တုန်းက အကြောင်းတွေပဲ ပေါ်လာနေတယ် ကျွန်တော် မနေချင်ဘူး hyung "
" အကို ဖတ်ထားပေးမယ် ပြီးတော့ ပုံပြင်လည်း ပြောပြမယ် ပြီးတော့ အကို ကို ပဲ ကြည့်နေ ဟုတ်ပြီလား ခုက ဒီမှာ နေမှ ဖြစ်မှာမို့ ခုဏက
ကောင်လေးက အရေးပေါ်ဖြစ်ထားတာလေ အဲ့တာကြောင့်မို့ပါ နော် လိမ္မာပါတယ် ကိုယ့် ရဲ့ ကောင်လေးက "" hyung "
....." ငါ့မြေး အဖိုးမရှိလည်း အဆင်ပြေတယ်မဟုတ်လား "
" ဟုတ် "" ဒါဆို အဖိုးပြန်လိုက်အုံးမယ် "
"ဟုတ် အဖိုး "
" ဒါနဲ့ မေးရအုံးမယ် ငါမြေးကို အဖြေပြင်အုံးမလား "" ဟင် အဖိုးကလည်း "
" ဘာလည်း ပြင်မလို့လား "
"ပိုတောင်မပြင်ချင်တော့ဘူး hyung ကိုပဲ ယူမှာ
ယောင်းက"" ဟုတ်ပါပြီ ဗျာ ဘာမှ မကြောက်နဲ့ အဖိုးမြေးလေး ပြုံးနေတာပဲ မြင်နေချင်တာ အဖိုးက ဟုတ်ပြီလား နေကောင်းအောင်နေ ဆေးရုံဆင်းမှ အိမ်မှာတွေ့မယ်နော် "
" ဟုတ်အဖိုး "
....." အဖိုးနဲ့ တိုးတိုး တိုးတိုး နဲ့ ဘာတွေပြောနေတာလည်း "
"ပြောပြပါဘူး "" ဒါနဲ့ မေးရပါအုံးမယ် "
" ဘာလည်း hyung "" ဟိုတနေ့ကဘာလို့ ကော်ဖီဆိုင်လာတာလည်း "
"အဲ့တာ ဟိုတခါ ဖြေလိုက်တဲ့ အဖြေကြောင့်ပေါ့ အဲ့တုန်းက အဖြေက ယောက်ကျားယူမှာလို့ဖြေလိုက်တာလေ "
" အင်းလေ "" အဲ့တာကြောင့် အဲ့နေက အိမ်ထောင်ဖက် လာတွေ့တာ တော်သေးတာပေါ့ အိမ်ထောင်ဖက်တွေ့ရင်း hyung နဲ့ စုံလို့ မဟုတ်ရင် ခုချိန်လောက်ဆို မဂ်လာတောင်ဆောင်နေလောက်ပြီ "