Part.5

8.7K 696 9
                                    

Mine💜Part.5

'ခင်ဗျားဆီပါသွားတာလား..'

'အော မတော်တဆပါလာတာ'

'ကျေးဇူးတင်ပါတယ်..'

တကယ်လည်းကျေးဇူးတင်မိတာပါ..ကိုကိုပေးထားတဲ့လက်ဆောင်ပစ္စည်းသေးသေးလေးကအစသူ့အတွက်တန်ဖိုးဖြတ်လို့မရ...

'မင်းအတွက်အဖိုးတန်ပစ္စည်းဖြစ်ပုံပဲ..'

'ဟုတ်တယ်..ကိုကိုပေးထားတာ..'

Jungkookမျက်လုံးကချက်ချင်းခက်ထန်လာ၏..
အချိန်ကိုက်ပေါက်ကွဲတော့ဗုံးတစ်လုံးလို...

'ဟာ့..ဘာလုပ်တာလဲ..'

သူ့လက်ထဲကတယုတယကိုင်ထားတဲ့ရင်ထိုးကိုဆွဲယူ‌လိုက်သည်..

'ပြန်ပေး..'

ရုတ်တရပ်ဆွဲယူသွားတာမို့ဒါကပုံမှန်အခြေအနေတော့မဟုတ်လှ..

သူ့နှုတ်ခမ်းပါးပါးအပေါ်ကိုတတ်ပြီးမဲ့ပြုံးပြုံးကာ..

'ရူးနေတာလား..ပြန်ပေးလို့!!'

'မပေးဘူးရှင်းတယ်နော်..ဟန်မြစ်ထဲလွှတ်ပစ်မှာ..
ခြေထောက်နဲ့တပ်နင်းရင်ကျိုးသွားရုံပဲရှိမှာ..အစအနပျောက်အောင်ဟန်မြစ်နဲ့ပစ်မလို့လေ..'

'ဘာ!!ပြန်ပေး..'

Seojoonပေးထားတာကိုသူကသိမ်းထားတာတဲ့..
ငါ့မာနထိခိုက်လိုက်ပုံများ..

အိမ်ထဲကထွက်သွားတဲ့သူ..ဇွဲမလျော့တမ်းကားနားထိလိုက်တောင်းနေတဲ့ထယ်ယောင်း..

'jungkook!!'

'ပြော ဘာလဲ'

'ခင်ဗျားနဲ့ဘာဆို့်လို့ယူသွားတာလဲ..ပြန်ပေး..'

'နားမပါဘူးလား..'

'ခင်ဗျားနဲ့ကျွန်တော်ဘာရန်ငြိုးရန်စရှိနေလို့ဒီလိုလုပ်တာလဲ..ပြောပါဦး'

'အဲ့တာSeojoonကြောင့်ပဲ..'

'ဘာ..'

'Seojoonကိုငါကသေလောက်အောင်မုန်းတယ်..
'

ကားပေါ်တတ်သွားသည်..

ထယ်ယောင်းကားတံခါးဆွဲဖွင့်တော့အတွင်းlockချထားတာ..သူဒီလိုဆွဲဖွင့်မှာသိနေလို့ပဲ..

သူ့ကိုတစ်ချက်ကြည့်ကာမောင်းထွက်သွားသည်..

ဟန်မြစ်ထဲရင်ထိုးကိုအ‌ေ၀းဆုံးတစ်နေရာကိုပစ်လိုက်သည်..

Mine [Completed]Where stories live. Discover now