Part.14

7.6K 580 11
                                    

Mine💜Part.14

ထယ်ယောင်းပါးစပ်လေးအဟောင်းသား..သူသိပ်ဖို့ကြောက်ကောင်းတာပဲ...

Jungkookဆီကရအောင်ပြေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချမိလိုက်၏...အခုတော့မဟုတ်သေးဘူး..သူ့နားနေရမယ်အချိန်အတိုင်းအတာတစ်ခုထိပေါ့...သူ့ကဉာဏ်ကသူများထက်နှစ်ဆကြိုမြင်နိုင်တယ်...အရင်တစ်ခါကလိုမဖြစ်စေရဘူး...

သူ့စီးပွားရေးပါတနာတွေနဲ့စကားပြောနေတဲ့တစ်ချိန်လုံးသူ့ဘေးနားမှာ...ခါးကနေသိမ်းကြုံးဖတ်ထားတာခါးကျိုးတွေကျိုးမတတ်..

'သားJungkook..'

'ကျေးဇူးရှင်ဖခင်ကြီးပါလား..'

ကျွန်တော့်ခါးကိုဖတ်ကာသူ့အဖေဆီလျှောက်သွားသည်...

ဦးလေးကလူရှင်းတဲ့နေရာမှာရပ်နေသည်..

ကျွန်တော်မျက်နှာပူလို့လို့ထားစရာနေရာမရှိတော့ဘူး..အရင်အခေါက်ကကိုကိုကချစ်သူတွေ‌ဖြစ်ကြောင်းမိတ်ဆက်ပေးခဲ့တာ..အခုဦးလေးသားနောက်တစ်ယောက်နဲ့လက်ထပ်လိုက်ရတာ...

'သားဘာလို့Seojoonလေးကိုဆိုးဆိုး၀ါး၀ါးလုပ်လိုက်တာလဲ..ချစ်သူကထယ်ယောင်းမှန်းသိလျက်နဲ့ဘာလို့ဒီလိုမျိုးအတင်းလက်ထပ်တာလဲ..daddyအားလုံးအကြောင်းစုံသိပြီးသွားပြီ..'

'အဲ့တော့ သိရက်သိပြီးတဲ့အတိုင်းပဲပေါ့..ထယ်ယောင်းကအစကတည်းကသားအပိုင်..ဒီထက်ရှင်းတာမရှိတော့ဘူးထင်ပါတယ်..'

'သားမှားတယ်..daddyအရင်ကဘာမှမပြောခဲ့ပေမယ့်ဒီတစ်ခေါက်သားသိပ်ကိုမှားတယ်..'

'ဘာကိစ္စမှားရမှာလဲ..မယားငယ်မသားချစ်သူကိုလူ့ယူလို့လား...မှားမှားမှန်မှန်မ‌ေ၀ဖန်ပါနဲ့..ကျုပ်ကအစကတည်းကတစ်ကောင်ကြွက်..ခုမှလာပြီးမိသားစုလာမဆန်နေပါနဲ့..အော်ဂလီဆန်လွန်းလို့..'

ဂျွန်ဂျယ်မင်းကထယ်ယောင်းကိုတစ်ချက်ကြည့်လာပြီး...

'ထယ်ယောင်းလေးစိတ်မသက်မသာဖြစ်မနေပါနဲ့..သက်သောင့်သက်သာနေပါ..ဒီလိုကိစ္စတွေကအန်ကယ်နဲ့Jungkookကြားမှာမရေတွက်နိုင်လောက်အောင်ပဲဖြစ်နေကြပါ..'

'ကျွန်တော်နားလည်ပါတယ်..'

ထယ်ယောင်းကအားတုံ့အားနာနဲ့ပြောလာတော့သည်..

Mine [Completed]Where stories live. Discover now