Part.32{Final}

16.8K 736 52
                                    

Mine💜Part.32 {Final}

မနက်လင်းတော့ မနေ့ညကသူမဟုတ်တဲ့အတိုင်း...
မနက်စာစားဖို့ ပေါင်မုန့်အလွတ်ကိုစတော်ဘယ်ရီယိုသုတ်ပေးနေသည်..

'စားလို့ကောင်းလား..'

သူ့နှုတ်ခမ်းထောင့်မှာကပ်နေတဲ့ယိုကိုလက်ညိုးလေးနဲ့သုတ်ပေးကာမေးသည်...

'အဟမ်း..ကောင်းပါတယ်..'

ထယ်ယောင်းဘယ်ကစပြောရမှန်းမသိတာကြောင့်
ချောင်းဟန့်လိုက်သည်..သူပြောတော့ကျေနပ်အပြုံးကြီးပြုံးနေတဲ့jeon...

'စားချင်တာရှိရင်ပြောလေ..'

'ဒီလောက်ဆိုရပါပြီ..'

ဒီနေ့တစ်နေကုန်jeon jungkookကြီးကသူ့နားမတရားတောက်တဲ့လိုလိုက်ကပ်နေသည်...ထရင်လိုက်ထလိုက်...ထိုင်ရင်လိုက်ထိုင်လိုက်နဲ့..

အခုလည်းကုတင်ကိုမှီပြီးစာရေးနေတဲ့ကျွန်တော့နားမှာတ၀ဲလည်လည်နဲ့...

'Jeonရေ..ဘယ်လိုဖြစ်နေတာလဲ..'

'ဘယ်လိုမှမဖြစ်ဘူး..ထယ်ပျောက်သွားမှာဆိုးလို့..'

အခုလိုကျတော့ကလေးလေးသဖွယ်..နှုတ်ခမ်းကိုရှေ့ဆူကာပြောသည်...မနေ့ညကကျွန်တော်နောက်ကျမှအိပ်ပျော်သွားတော့မနက်နိုးတော့jeonအိပ်ယာပေါ်လက်ထောက်ပြီးတစိမ့်စိမ့်နဲ့ထိုင်ကြည့်နေတာ..jeonအိပ်ချင်ပြန်အိပ်ပြောတာကိုဘယ်လိုမှမရ..သူအိပ်ရင်ပျောက်သွားမှာဆိုးလို့တဲ့လေ...မနေ့ညကတောင်သူတစ်ကိုယ်လုံးကိုလေမတိုးသာအောင်ညစ်ဖတ်ထားပြီးကျွန်တော့်ရင်ခွင်ထဲ၀င်အိပ်ခဲ့တဲ့လူဆိုးကောင်လေး...

'Jeon..ထယ့်ကိုကြည့်..'

Jeonပါးပြင်နှစ်ခုပေါ်ကိုလက်နှစ်ဖက်နဲ့အပ်ကိုင်လိုက်သည်...

'Jeonကို ထယ်ကထားခဲ့ပါ့မလား...ထားခဲ့ချင်ရင်မနေ့ညကတည်းက ထားခဲ့မှာပေါ့..jeon ဘေးနားမှာထာ၀ရရှိနေမှာ..jeonကိုအများကြီး ချစ်ပေးမယ်..
Jeonရဲ့ဂရုစ်ိုက် နွေးထွေးချစ်ပေးတာတွေအများကြီးခံယူချင်တယ်..'

Jeonကမျက်ရည်တွေရစ်သီကာမြတ်မြတ်နိုးနိုးနဲ့ကြည့်နေခဲ့သည်...

'ကျေးဇူးတင်ပါတယ်အချစ်ရယ်...ကိုယ့်လိုလူကအချစ်မခံရဘူး..အချစ်မခံထိုက်တဲ့သူလို့ထင်ထားတာ..ထယ့်အချစ်တွေကိုပဲရချင်တော့တာ..
ထယ်တစ်ယောက်ထဲကိုပဲကြည့်ပြီးချစ်နေချင်တာ..
ကိုယ့်အမြင်အာရုံထဲမှာထယ်ကပဲအမြဲလွှမ်းမိုးထားတာ..အချစ်ကကိုယ့်အတွက်အရာရာပဲ..အဲ့လောက်ထိကိုမြတ်နိုးပြီးချစ်တယ်..ကြမ်းကြမ်းတမ်းတမ်းနေခဲ့တဲ့ဘ၀မို့တစ်ခါတစ်လေ နူးညံ့ချင်မှနူးညံ့လိမ့်မယ်..
ချစ်တာကတော့တစ်ရက်ထက်တစ်ရက်မိနစ် စက္ကန့်နဲ့အမျှပိုချစ်လာလေပဲ..ထယ့်ဆီကအချစ်ကိုသိပ်မက်မောတယ်..'

Mine [Completed]Where stories live. Discover now