Mine💜Part.26
'တီ..'
ကိုကို့ဆီကMessageရောက်လာသည်...
'ထယ်နဲ့မတွေ့တာတော်တော်ကြာပြီ..တွေ့နေကျစာအုပ်ဆိုင်ကိုမနက်ဖြန်ထွက်လာလို့ရရင်လာခဲ့ပါ့လား..'
'ဟုတ်..တွေ့ကြရအောင်ကိုကို..'
'လွမ်းတယ်..ချစ်တယ် သိပ်ချစ်တယ်..'
ကိုကိုရဲ့အဆုံးသတ်စာကိုဖတ်ပြီးစာမပြန်ဖြစ်ခဲ့ပါ..
သိပ်ကြာနေခဲ့ပြီပဲမဟုတ်လား..ကျွန်တော်မနက်ဖြန်ကိုကိုနဲ့တွေ့ပြီးသေချာပြောပြမည်..ဒီလိုကြီးတွေဆက်သွားလို့မှမရဘဲ..ပြတ်ပြတ်သားသားလုပ်ရတော့မယ်..ကျွန်တော်ကြောင့်ကိုကိုထိခိုက်နစ်နာမှာမျိုးဘယ်တုန်းကမှမလိုချင်ခဲ့ပါဘူး..
အိမ်ထောင်ကျပြီးကတည်းကကိုကို့ကိုဆွဲမထားရက်ဘူး..ဆွဲထားဖို့လည်းဆန္ဒရယ်လို့ရှိမနေခဲ့တာခုအချိန်ထိပါပဲ..ကျွန်တော်နဲ့ကိုကိုပတ်သတ်တွေ့ဆုံခွင့်ရခဲ့တာကကံကြမ္မာသတ်မှတ်ထားတဲ့အတိုင်းအတာထိပါပဲ...
ဧည့်ခန်းထဲမှာမင်ဟာနဲ့စကားလက်ဆုံကြနေတဲ့ဖေဖေ..
ဖေဖေဆိုင်ကနေအစောပြန်လာတာပေါ့..မေမေကျွန်တော်ရောက်လာတာကိုဖုန်းဆက်ခဲ့ပုံရတယ်..
'ဖေဖေ..'
'ဖေဖေ့သားလေး..'
ဖေဖေက၀မ်းသာအားရပွေ့ဖက်လာသည်..
'သားကိုခုနကခေါ်လိုက်တာမဟုတ်ဘူး..'
'သားပင်ပန်းနေတယ်ထင်လို့ပါ..အကြာကြီးနေမယ်မဟုတ်လား..'
'ဟို သုံးရက်ပဲနေလို့ရတယ်..'
ဖေဖေကရောက်တုန်းရောက်ခိုက်အေးအေးဆေးဆေးနေခိုင်းချင်နေပုံ...
'ဟိုကောင်မဟုတ်လား..သုံးရက်ပဲနေခိုင်းတာလေ'
'မဟုတ်ပါဘူး..သားအလုပ်လည်းရှိနေသေးလို့ပါ..'
'အိမ်ထောင်ကျပြီးမှအိမ်ကိုပြန်မလာတာကြာနေပြီ...
နောက်ဆိုခဏခဏလာခဲ့...ဟိုကောင်ကိုမခေါ်ခဲ့နဲ့ကြားလား..''ဟုတ်ကဲ့..'
'ငါ့သားကိုဖွပ်များထားဦးမလားပဲ...ဥစ္စာရူးလားမသိဘူး..သားနဲ့အဆင်ကောပြေကြရဲ့လား'
YOU ARE READING
Mine [Completed]
FanfictionJeon Jungkook×Kim Taehyung Start Date_1.11.2022 End Date_20.1.2023