Part.19

7.2K 554 20
                                    

Mine💜Part.19

Seojoonဘယ်လိုမှသီးမခံနိုင်လို့Jungkookအကျီင်င်ကိုစောင့်ဆွဲထားသည်...

ဆွဲဖြုတ်ချလိုက်ပြီး...

'ထယ့်ကိုအပေါစားဆန်ဆန်မဆက်ဆံနဲ့!!'

'ငါတို့ကလက်ထပ်ပြီးသား မင်းသိနေတာပဲလေ...
ငါတို့ကြား ဒါကဖြစ်လေ့ဖြစ်ထပါပဲ..တွေ့ဖူးလားထယ်ကအထိအတွေ့ တွေမှာငြိမ်ပြီးပျော်၀င်နေတာ...'

'အောက်တန်းကျလိုက်တာ...ထယ်ကိုငါဘယ်လောက်တန်ဖိုးထားခဲ့လဲမင်းသိလား..'

'ငါလား မသိချင်ပါဘူး...အခုဟာက ငါဟာဖြစ်နေပြီပဲ..'

'သား..'

တားလိုက်တဲ့အသံ...

၀င်လာတဲ့Daddyနဲ့မိထွေး...

'ဘာကိစ္စခေါ်တာလဲ...'

'သား..Seojoonကိုတောင်းပန်လိုက်ပါ..'

'အဲ့တာပြောဖို့အရေးတကြီးခေါ်တာပေါ့..ကျုပ်ကဘာကိစ္စတောင်တောင်းပန်ရမှာလဲ...မယားငယ်မကတောင်းပန်ခိုင်းတာလား..ဆုသာတောင်းနေလိုက်..
Jungkookဘ၀မှာjungkookကိုပဲဒူးထောက်ခစားနေရမယ်..'

'သားလုပ်ရပ် မှားနေတယ်..ထယ်ယောင်းကိုလုယူထားသလိုဖြစ်နေပြီ...'

စကားပြောတာအေးအေးလူလူလို့ထင်ရပေမယ့်သွေးအေးစစ်ပွဲအလား...

'ထယ်ယောင်းကကျုပ်ဟာ...ဘယ်သူမှ၀င်မရှုပ်နဲ့..
'

မိထွေးကိုလည်းတည့်တည့်ကြည့်ကာပြောလိုက်သည်..

'အော် ဒါနဲ့သူများယောကျာ်းကိုကြာကူလီလုပ်နေလို့...သားကိုသေချာသင်ပေးထားပါဦး..သူများအပိုင်ကိုလိုချင်နေတာ..အဲ့တာဘယ်သူနဲ့တူတာလဲဟင်...ဟား..'

ဆေးလိပ်ငွေ့ကိုမလှမ်းမကမ်းကနေ ထိုမိန်းမမျက်နှာကိုဦးတည်ကာမှုတ်ထုတ်လိုက်သည်..

ခြေချိတ်ထိုင်ကာလှောင်ပြောင်ဟားတိုက်အော်ရယ်နေသည်...

Seojoonအမေကမျက်စိပျက်မျက်နှာပျက်ဖြစ်နေတော့၏..

သိပ်ကိုအားရတာပဲ...

'jungkook..'

Seojoonဒေါသထွေကိုမြိုသိပ်ပြီးပြောလာသည်..

Mine [Completed]Where stories live. Discover now