Part.13

7.9K 604 8
                                    

Mine💜Part.13

'jungkookရယ်မလုပ်ပါနဲ့...ခင်ဗျားကိုလက်ထပ်ပါ့မယ်..'

ကိုကိုကသွေးအလိမ်းလိမ်းနဲ့မျက်ဖြူစိုက်နေသည်...
အသေရိုက်တတ်ရင်သူသေတော့မှာ...

'သေချာလား..'

ငိုရင်းခေါင်းကိုတဆက်ဆက်ငြိမ့်ပြသည်..

'ငါကကတိမတည်တဲ့သူ လိမ်တဲ့သူဆိုသိပ်မုန်းတာ..'

'တကယ်ပါ..'

'ဟုတ်ပြီ'

'ထယ်ယောင်းကိုကားထဲထည့်ပြီးlockချထားလိုက်..'

သူ့တပည့်ကိုပြောတော့ဆွဲခေါ်သွား၏...

'မလုပ်ပါနဲ့..'

အော်ရင်းကားပေါ်ရောက်သွားတော့သည်..

သူကကားနောက်ခန်းထဲမှာdriverကရှေ့ခန်းထဲမှာထိုင်ကာကားတံခါးကိုlockချထားသည်..

'Seojoon..ငါ့အပိုင်နားထပ်ပြီးမ၀ဲနဲ့..ဒီထက်အဖြစ်ဆိုးသွားမယ်..'

'ထယ့် ကိုမခေါ်သွားနဲ့..'

မှေးစင်းချင်နေတဲ့မျက်လုံးကိုအားယူကာပြောလာသည်...

'အားလုံးငါ့ဆုံးဖြတ်ချက်အောက်မှာပဲ..'

'Ceoသူ့ကိုဒီတိုင်းထားခဲ့မှာလား..'

'ထားခဲ့လိုက် မသေပါဘူး...'

ထယ်ယောင်းရှိတဲ့ကားထဲ၀င်ထိုင်လိုက်တော့...

'ကိုကို့ကို ဒီတိုင်းမထားခဲ့ပါနဲ့..တောင်းပန်ပါတယ် ကယ်ပေးပါဦး..'

၀မ်းနည်းပတ်လတ်နဲ့ဖြစ်ပျက်နေလိုက်တာ...

ပခုံးကနေစောင့်တွန်းပစ်လိုက်တော့နောက်ကိုလန်ကျသွားသည်...

'မင်းအကောင်ကိုသေမှာကြောက်နေတာပေါ့ မပူနဲ့ငါကိုယ်တိုင်အသေသတ်ပေးမယ်!!!'

'အဲ့လိုမလုပ်ပါနဲ့ ကိုကို့ကို ဆေးရုံကိုပို့ပေးလိုက်ပါ  တောင်းပန်ဆို တောင်းပန်ပါ့မယ်'

ကားထဲမှာဒူးထောက်ထိုင်ချပြီးတောင်းပန်လာတဲ့ထယ်ယောင်း...

မင်းသူ့ကိုတော်တော်ချစ်နေတာပေါ့...ကြေကွဲပျက်စီးပြနေလိုက်တာ..

'ငါ့စိတ်ကိုလာဆွပြန်ပြီလား...မပို့နိုင်ဘူး..'

ခန္ဓာကိုယ်သိမ့်ခနဲသိမ့်ခနဲ နဲ့ငိုနေတာ...ဟိုအကောင့်ကိုမကယ်ပေးလို့တဲ့လေ..

Mine [Completed]Where stories live. Discover now