Part.21

7.4K 599 13
                                    

Mine💜Part.21

ထယ်ယောင်းတစ်ဖက်ကိုစောင်းအိပ်နေတော့နောက်ကနေသိုင်းဖက်လာကာ..

လည်ပင်းကိုနှုတ်ခမ်းနဲ့ဖိကပ်နမ်လာတော့..ဆက်ခနဲဖြစ်သွားတဲ့ခန္ဓာကိုယ်လေး...လည်ပင်းထဲနှာခေါင်းနစ်ထားလိုက်တော့နှာခေါင်းထဲတိုး၀င်လာတဲ့သူကိုစွဲလမ်းစေတဲ့ ထယ့်ရဲ့ကိုယ်သင်းရနံ့..

'ကိုယ့်ကိုစိတ်မဆိုးနဲ့တော့နော်...ထယ်စိတ်ဆိုးရင်မနေတတ်ဘူး..နော်လို့'

ထယ်ယောင်းဘက်ကတုံ့ပြန်လာမှုမရှိ...

ဘယ်ဘက်ရင်ဘတ်နှလုံးသားတည်ရှိတဲ့နေရာကိုဖိကိုင်ထားတဲ့ထယ်ယောင်း...ဒီနေ့ကျမှာနှလုံးသားကကတုန်ကယင်ပါလား..အစာသိပ်မစားလို့လား...ဘာလားပဲ..တဆက်ဆက်ခုန်ပေါက်နေတော့၏..

'Good Night ထယ်..'

သူတစ်ယောက်ထဲအရူးတစ်ယောက်လိုပြောနေမိသည်..ထယ်မ​အိပ်သေးတာသူသိသည်...

တစ်ဖက်ကနေရာကိုလက်နဲ့စမ်းမိတော့လွတ်နေတဲ့နေရာ...

'ထယ်အိပ်ယာနိုးနေပြီပေါ့..နေမှမကောင်းသေးတာကို..'

မနက်စာစားဖို့အောက်ထပ်ကိုဆင်းသွားလိုက်သည်..

'ထယ်ကောမနက်စာစားပြီးပြီလား..'

ဟင်းပန်းကန်လာချပေးတဲ့အဒေါ်ကြီးကိုမေးလိုက်သည်...

'ခုနလေးတင် စားပြီးသွားပါပြီသခင်လေး'

'အော်..အခုဘယ်မှာလဲ'

'စာအုပ်ကိုင်ပြီးခြံထဲသွားတာမြင်လိုက်ပါတယ်'

ရန်ဖြစ်ထားပုံပဲသခင်လေးတို့..ဒီနေ့တောင်မနက်စာအတူတူမစားကြတာဆိုတော့...စိတ်ဆိုးစိတ်ကောက်ကရှိကြမှာပဲ..ရခါစဆိုတော့စိတ်ကောက်လိုက်ပြန်ချစ်လိုက်ပေါ့...

သခင်လေးကမနက်စာတောင်သိပ်မစားတွေတွေကြီးနဲ့စားနေတာ..ဟင်းတွေကလည်းမလျော့ ..ဟင်းကိုနည်းနည်းသာစားပြီးထမင်းအဖြူကြည့်ပဲစားနေတာ...

'တော်ပြီ..သိမ်းလိုက်တော့..Black coffeeတစ်ခွက်ဖျော်ပေးပါ..'

'သခင်လေးသိပ်လည်းမစားပါလား...အရသာတစ်ခုခုများလိုအပ်နေလို့လား..'

Mine [Completed]Where stories live. Discover now