Part.29

7.4K 556 16
                                    

Mine💜Part.29

Jeonကိုအများကြီးပိုချစ်ပေးရင်းjeonနဲ့တစ်နေ့တာကိုပျော်ရွှင်ကြည်နူးမှုတွေနဲ့သာဖြတ်သန်းနေခဲ့သည်...အချိန်တွေကပုံမှန်အတိုင်းလည်ပတ်နေ​တော့သည်...

ပြဿနာတတ်တော့လည်းခဏပါပဲကျွန်တော်ကအချော့ပေးလိုက်တော့ပြေလည်သွားသည်...
တစ်ယောက်နဲ့တစ်ယောက်နားလည်ယုံကြည်နိုင်တာအကောင်းဆုံးပေါ့...အချစ်ကိုယုံကြည်မှုတွေနဲ့သာတည်ဆောက်နိုင်ရင်အချစ်ကပိုခိုင်မြဲသည်..တစ်ဖက်ကယုံကြည်မှုမရှိပြန်ရင်လည်းအဲ့အချစ်ကမတည်မြဲဘူး..jeonကသံသယစိတ်များပြီးတော့သိပ်သ၀န်တိုတတ်တာ..
သံသယကလည်းတစ်ဖက်သူရဲ့ဂုဏ်သိက္ခာကိုထိပါးစေတာပါပဲ...jeonကိုချစ်တာကြောင့်အရာအားလုံးကိုသူခ၀ါချထားခဲ့သည်..သူဘယ်လောက်စွပ်စွဲစွဲကျွန်တော့ဘက်ကအလျော့ပေးခဲ့သည်..

ရာသီဥတုကလည်းသာသာယာယာမို့ခြံထဲစာထိုင်ရေးနေမိသည်...အတွေးတွေကတော့၀ထ္တုထဲနစ်မြောနေမိနေပြန်သည်...ဘာကိုမှအာရုံမရောက်တော့သည်အထိပဲ..တွေးရင်းရေးရင်းပေါ့...

မျက်စိရှေ့ရောက်လာတဲ့ပန်းစည်း...ဖြူလွှလွှပန်းလေးကသိပ်ကိုချစ်စရာကောင်းပြီးလှပနေသည်...အပွင့်သေးသေးနုတ်နုတ်လေးကထိရက်စရာမရှိအောင်လှပလွန်းနေတာပဲ...လှတာကတော့ထိုပန်းစည်းကိုမျက်လုံးမခွာနိုင်လောက်အောင်အထိပါပဲ...

ထယ်ယောင်းတအံ့တသြဖြစ်သွားကာမတ်တပ်ရပ်လိုက်မိသည်အထိ..

'Jeon..'

'အချစ်အတွက်..Baby's Breath သဘောကျတယ်မဟုတ်လား..'

Jeonပေးတဲ့ပန်းစည်းကိုလှမ်းယူလိုက်သည်...

'အများကြီးသဘောကျတာပေါ့..ကျေးဇူးတင်ပါတယ်Jeon..'

'ထာ၀ရချစ်နေမယ်...ကိုယ်ကအညိုရောင်မျက်၀န်းပိုင်ရှင်လေးကိုထာ၀ရချစ်နေမယ်..ဘယ်ဘ၀ဖြစ်ဖြစ်ပေါ့ထယ့်ကိုပဲရွေးချယ်ပြီးချစ်နေဦးမှာပဲ..ကိုယ့်နှလုံးသားနဲ့ရင်းပြီးတော့ကျိန်ပြောရဲတယ်...သံသရာအဆက်ဆက်ပေါ့...'

Baby's Breathပန်းလေးတွေရဲ့အဓိပ္ပါယ်က''ထာ၀ရချစ်နေမယ်''တဲ့..အဲ့အဓိပ္ပါယ်အတိုင်းပဲ..

Mine [Completed]Where stories live. Discover now