Part.9

7.3K 605 9
                                    

Mine💜Part.9

'ဒေါက်တာအခြေအနေ..'

မေ့လဲနေတဲ့ထယ်ယောင်းဘေးနားစိတ်ပူပြီးတတွတ်တွတ်ရေရွတ်နေတာ..

'စိတ်မပူပါနဲ့..စိတိဖိစီးမှုတွေအရမ်းများနေလို့ပါ..ခဏနေသတိပြန်ရလာပါလိမ့်မယ်'

'ကျေးဇူးတင်ပါတယ်ဒေါက်တာ..'

နှာခေါင်းထဲတိုး၀င်လာတဲ့ပိုးသတ်ဆေးနံ့..

မျက်လုံးကိုဖွင့်ကြည့်လိုက်တော့...ကိုကိုတွေ့လိုက်ရသည်..

'ထယ် သတိရလာပြီလား..ဘယ်လိုနေသေးလဲ..
တစ်ခုခုဖြစ်နေရင်ပြောနော်'

ဆေးချိတ်ထားတဲ့လက်ချောင်းသွယ်သွယ်လေး‌ကိုဆုတ်ကိုင်ကာပြောလာသည်...

မရှိ ရှိတဲ့အားနဲ့ကိုကို့လက်ထဲကနေရုန်းထွက်လိုက်သသည်..

မျက်နှာကိုဆန့်ကျင်ဘတ်သို့လှည့်လိုက်ပြီး...

'ထွက်သွား..မျက်နှာကိုမမြင်ချင်ဘူး..အခုလိုအခြေအနေမှာဘယ်လိုမှစိတ်အကောင်းအတိုင်းဖြစ်လာမှာမဟုတ်ဘူး..'

'ကိုကိုမျက်နှာကိုမကြည့်ချင်တော့ဘူးလားထယ်ရယ်။ကိုကိုတောင်မယုံတော့ဘူးလား..ကိုကိုပြောပါဦး..တစ်ခါလောက်လေးပဲယုံပေးလို့မရဘူးလား။
ကိုကိုဘယ်တုန်းကလိမ်ခဲ့ဘူးလို့လဲ..ကိုကိုအမှန်တရားကိုရအောင်ရှာမယ်..'

'ယုံကြည်မှုကိုအလွှဲသုံးစားလုပ်သွားတာဘယ်သူလဲ..မွန်းကြပ်လွန်းလို့ရူးတော့မယ်..'

ချစ်ရသူပါးပြင်ထက်မျက်ရည်တွေတွေ့ရသည်..

'မငိုပါနဲ့..'

ကျလာတဲ့မျက်ရည်တွေကိုသုတ်ပေးနေမိသည်...

'မေ့ပစ်ချင်နေပြီ..တွေ့ခဲ့တဲ့ပုံရိပ်တွေကိုလေ...
ဒါပေမယ့်ပြန်ပြန်ပေါ်လာတယ်..မြင်လာတိုင်းနာကျင်ရတယ်..သေသွားမှမေ့နိုင်ထင်တယ်..'

'ကိုကို့အတွက်အနာကျင်စေရဘူးဘယ်တော့မှ..'

'အခုတော့နာကျင်နေရပြီလေ..'

'ကိုကိုသိပါတယ်..'

ချစ်သူသက်တမ်းတလျှောက်လုံးဒီလိုမျိူးလုပ်ခဲ့တာလားဆိုတဲ့အတွေးတို့ကတစိမ့်စိမ့်နဲ့ကိုနာကျင်စေတော့တာ..အရင်ကလည်းသူ့ကွယ်ရာမှာဒီလိုမျိုးဖြစ်နေခဲ့တာလား...။နောက်မှသိရလို့နာကျင်နေတာလား...

Mine [Completed]Where stories live. Discover now