Part.6

8.1K 630 4
                                    

Mine💜Part.6

အဆက်မပြတ်အနမ်းတွေခြွေပြီးမှဖယ်ကွာသွားသည်..

'ဖြောင်း!!'

ပါးကိုရိုက်ချပစ်လိုက်သည်..

'မင်း!!'

နံရံဆီက်ိုပစ်ပေါက်လိုက်သည်..

ပခုံးကိုတင်းတင်းဆုတ်ကိုင်ထားတာတင်းကြပ်နေသည်..ပခုံးရိုးတွေကျိုးတော့မလိုပဲ...သူစိတ်တိုတာတွေကိုပခုံးပေါ်ပုံချထားတာ..

'ငါ့ပါးကိုရိုက်ဖူးတာမင်းပထမဆုံးပဲ..ငါဘယ်သူ့မှခွင့်လွှတ်ရိုးထုံးစံမရှိဘူး..ထားလိုက်တော့..အဲ့အတွက်ပေးဆပ်မှုကနောက်မှ..နောက်မှပဲပေါ့..အဲ့တာမေ့မသွားနဲ့..'

သူ့စကားအတိမ်အနက်..မေးခွန်းတွေသာချန်ခဲ့တာ..ဘာကိုပေးဆပ်ရမှာလဲ..လောလောဆယ်အခုနကဖြစ်ပျက်ခဲ့တာကလျှပ်တပျက်ကြောင့်ဦးနှောက်ထဲဗလာနတ္ထိဖြစ်နေတော့သည်...

သူထွက်သွားပြီးမှထယ်ယောင်းကတုန့်ယင်ဖြစ်လာတော့သည်..အတင်းအကြမ်းနမ်းလို့ရိုက်တာကိုသူကစိတ်တိုရတယ်ရှိသေး..

'ဒေါက်!!'

'ထယ်ရေ..'

ကိုကိုအသံပဲ..Jungkookနဲ့များထိတ်တိုက်တွေ့မိလား..ဟင့်အင်း..တွေ့လို့မဖြစ်ဘူး..အကုန်ရှုပ်ကုန်တော့မှာပဲ..

'လာပါပြီ..'

'အော..'

ကျွန်တော်ထွက်တော့ကိုကိုကအရှေ့မှာစောင့်နေသည်..

ကိုကိုကြည့်လိုက်တော့သိပ်ပြီးတော့ထူးခြားမနေ..

'ကြာနေလို့ကိုကိုစိတ်ပူသွားတာ..ထယ်သန့်စင်ခန်းသွားတာmaidတွေပြောလို့သိတာ..'

'ဟုတ်..'

ကိုကိုအကြည့်ချင်းမဆုံချင်တာကြောင့်မျက်နှာမြန်မြန်လွှဲလိုက်သည်..

ကျွန်တော်ကိုယ်တိုင်အပြစ်မလုပ်ထားပါပဲနဲ့..ကြောက်စိတ်ကအလုံးအရင်း၀င်လာခဲ့တာ..တစွတ်ထိုးနမ်းသွားတာလဲညီအကိုဖြစ်တဲ့Jeon Jungkook..
အိုး..တွေးကိုမတွေးချင်တော့တာ..မတွေးဘဲနေပြန်တော့လဲပုံရိပ်တွေက၀င်၀င်လာခဲ့ပြန်တာ..

'ထယ်..'

'ဟင်..'

'ထယ်မျက်နှာမကောင်းပါ့လား..'

Mine [Completed]Where stories live. Discover now