Part.20

8K 593 20
                                    

Mine💜Part.20

Jungkookသူ့လူတွေကိုမေးဆက်ပြလိုက်တော့မိုးကားကိုတတ်ညီလက်ညီဖက်ရှားလိုက်သည်...

စီစီရီရီထပ်ထားတဲ့စာအုပ်ပုံကြီး..ဒါဆိုဒီစာအုပ်တွေကိုjungkookယူသွားတာပေါ့...

'ခင်...ခင်ဗျားယူသွားတာပေါ့ဒါတွေကလေ...'

'မင်းမျက်စိရှေ့မှာတင်ရောက်နေပြီမဟုတ်လား..'

'ဘာလို့ဒီလိုလုပ်ရတာလဲ..ဖြေ!'

ခြောက်ကပ်ကပ်ရယ်သံကjungkookဆီကပေါ်ထွက်လာ၏..

'မေးနေတာဖြေလေ..'

'မင်းကအချစ်ဦးအကြောင်းကိုတောင်၀တ္ထုရေးပြီးစာအုပ်ထုတ်ထားတာပဲ..အဲ့လောက်တောင်စွဲလမ်းနေတာလား...အိမ်ထောင်ပြုထားတာတောင်ရည်းစားဟောင်းအကြောင်းကိုတယုတယနဲ့တောင်ရေးထားတာစိတ်ပျက်စရာကောင်းလိုက်တာ...ငါ့ဘက်ကတစ်ဖက်သတ်အိမ်ထောင်ရေးဖြစ်နေတာပေါ့...ဖောက်ပြန်တာလောက်ရွံစရာကောင်းတာမရှိဘူး..'

'ခင်ဗျားမှားနေပြီ..ဒီစာအုပ်ကလွန်ခဲ့တဲ့နှစ် နှစ်ကမှရေးခဲ့တာ...စာအုပ်အဖြစ်စီစဥ်ခဲ့တာကြာပြီ..အခုမှစာအုပ်ရတာ..လက်ထပ်ပြီးမှရေးခဲ့တာမျိုးလည်းမဟုတ်ဘူး...၀တ္ထုထဲမှာကျွန်တော့ဘ၀အကြောင်းလည်းတစ်စိတ်တဒေပါတယ်..
လက်ထပ်ပြီးမှရေးရင်တောင်ကျွန်တော်မမှားဘူး..'

'ဘာ!!ပြန်ပြောလိုက်စမ်း..'

Jungkookမေးရိုးတွေကိုကျိတ်ထားကာမျက်တောင်တစ်ချက်မခက်စိုက်ကြည့်နေသည်..။

'အချစ်ဦးအကြောင်းရေးတာပဲ...တချို့လူတွေလည်းချစ်ဦးရှိကြတယ်..ဖောက်ပြန်နေတာမဟုတ်ဘူး...ခင်ဗျားမယုံလည်းမတတ်နိုင်ဘူး..'

'မင်းကအမြဲတမ်းငါကိုလိမ်နေခဲ့တာလေ..ငါရှိရဲ့သားနဲ့လင်ငယ်ကခေါင်းထဲအချိန်ပြည့်နေရယူထားတာကို..'

ထယ်​ယောင်းသူကိုဘယ်လိုရှင်းပြရမှန်းမသိတော့...
jungkookကအရမ်းတစ်ဖက်စောင်းနင်းပြောတတ်တာ..သူထင်ရာမင်ရာကိုသာဦးစားပေးတာ...သူ့ရှင်လင်းချက်ကိုဘယ်တော့မှနားမထောင်ဘူး...

'မိုက်ရိုင်းလိုက်တာ..ခင်ဗျားကျွန်တော့်ကိုစော်ကားချင်တိုင်းစော်ကားလို့မရဘူး...ခင်ဗျားမယုံလို့လည်းတုန်လှုပ်သွားမှမဟုတ်လည်း...ကျွန်တော့လိပ်ပြာကျွန်တော်လုံလို့ပဲ..ခင်ဗျားကျွန်တော့်ကိုစော်ကားပိုင်ခွင့်မရှိဘူး...'

Mine [Completed]Where stories live. Discover now