Part.12

7.5K 589 6
                                    

Mine💜Part.12

အောက်ထပ်ကိုခြေသံခပ်ဖွဖွနဲ့ဆင်းလာခဲ့သည်...

ဖုန်းကJungkookယူသွားသည်..

လူတစ်ယောက်လာတဲ့အရိပ်အယောင်ကဘေးတစ်ဖက်ခြမ်းကမှန်မှာရုတ်တရပ်တွေ့လိုက်လို့အခန်းတစ်ခုထဲခဏ၀င်နေလိုက်သည်...

ထိုလူမရှိလောက်တော့မှပြန်ထွက်လာခဲ့သည်...

နောက်ပေါက်တွေများရှိနေမလား..ရှေ့ပေါက်ကိုဒဲ့ထိုးကြီးသွားလို့မှမရဘဲ..

'ဘတ်ဟာတို့အဖွဲ့ဒီအိပ်ယာခင်း စောင်တွေခြံရှေ့ပစ်လိုက်တော့..သန့်ရှင်းရေး၀န်ထမ်းတွေလာသိမ်းလိမ့်မယ်..'

အော်ပြောနေတဲ့အိမ်အကူအမျိုးသမီးကြီး...
အော်ပြောပြီးအခန်းထဲကို၀င်သွားသည်..

ထောင့်တစ်နေရာကနေခြောင်းကြည့်လိုက်တော့ကတ်ထူဗူးအကြီးကြီးစောင်တွေများ အများကြီးခေါက်ထားတာတော့မဟုတ်အပုံလိုက်..လူတစ်ယာက်လိုက်လို့ရတယ်..ကတ်ထူဗူးကွဲကျလို့ကတော့ဟုတ်ပြီ..သူ့body weightကမများ..

အာရုံထဲပေါ်လာတဲ့အကြံဉာဏ်လေးကြောင့်ပြုံးမိသွားသည်..

လူရိပ်လူချေကြည့်ကာအဲ့နေရာကိုအပြေးသွားပြီးသူလူတစ်ယောက်၀င်စာဖယ်လိုက်ပြီး၀င်ပြီးလှဲ‌လိုက်ကာအပေါ်ကဟန်မပြတ်စောင်တွေပြန်ဖုံးလိုက်သည်...ကံကောင်းလို့ပေါ့

‌မမီပါစေနဲ့လိုဆုတောင်းရင်းချွေးစောတွေပြန်လာသည်..ခြေထောက်တွေအေးစက်ပြီးရင်တွေတုန်လာသည်..နှလုံးသားရပ်တန့်သွားမတတ်ဘဲ..

ကတ်ထူဗူးကိုတစ်ဖက်တစ်ချက်မကာသွားနေတဲ့လူနှစ်ယောက်စကားတပြောပြောနဲ့..

'သူဌေးတွေပဲဟန်တယ် ချမ်းသာလိုက်တာ..ငွေကို‌ရေလိုသုံးနေကြတာ..'

'ဟုတ်ပါ့ကွာ '

'ကဲ မောသွားပြီ..'

ထိုလူတစ်ယောက်ထွက်သွားပြီထင်..အသံတိတ်နေသည်...ဒီထဲလည်းဆက်နေလို့မရဘူးအသက်ထွက်တော့မယ်..

စောင်တွေကိုဖယ်ပြီးကြည့်လိုက်တော့မရှိတော့ဘူး..
ပစ္စည်းတွေစွန့်တဲ့နေရာမှာပဲ...

Mine [Completed]Where stories live. Discover now