Chapter -23

1.1K 115 22
                                    

Unicode » » »

ကားကိုခြံထဲမှာခြံထဲမှာ ရပ်ခဲ့ကာ အိမ်ထဲသို့ လေချွန်လျက်လီဆာ ဝင်လာသည်။ ပထမဆုံး ဦးတည်မိတဲ့နေရာက အိပ်ခန်းမဟုတ်ပဲ အစ်ကိုဖြစ်သူရဲ့ စာကြည့်ခန်းကိုသာ ..

အခန်းတံခါးကို လက်ဆစ်ဖြင့် နှစ်ချက်ခေါက်ကာ အထဲသို့ဝင်လာတော့ အာအင်ကာ မျက်မှန်တပ်ကာ စာရွက်စာတမ်းတွေကို သေချာဖတ်ရှုနေသည်။ အတတ်နိုင်ဆုံး မျက်နှာကို ဖြီးကာ စားပွဲရှေ့မှာ ရပ်လိုက်သည်။

ထို့နောက်စားပွဲကို လက်ဖြင့် ခေါက်လိုက်တော့ အာအင်ကမော့ကြည့်လာသည်။ ဘာလဲဆိုတဲ့သဘောဖြင့် မေးငော့ကမေးတော့ လီဆာ ချက်ချင်းမပြောသေးပဲ မျက်နှာချိုသွေးတာ ပြုံးရယ်နေသည်။

" ဒေစီရဲ့ ပန်ဆိုင်နဲ့နီးတဲ့နေရာမှာ ခြံဝန်းလေးနဲ့ အဆင်ပြေမယ့် အိမ်လေးတစ်ခုလိုချင်လို့ .. "

" လိုချင်ဝယ်လေ .. ပိုက်ဆံလည်း ရှိသင့်သလောက်ရှိနေတာပဲဟာ .. ကိုယ်လိုချင်တာပဲ ကိုယ့်ဘာသာဝယ်ပေါ့ "

လီဆာ မကျေနပ်စွာ မျက်စောင်းထိုးလိုက်သည်။

" အဲပိုက်ဆံတွေက မိန်းမယူဖို့ မိန်းမအတွက် .. အခု အစ်ကို့ဆီကတောင်းနေတာ လက်ဖွဲ့အနေနဲ့ပေးခိုင်းတာ "

အာအင်က ဟားတိုက်ကာ ရယ်မောနေတော့ လီတာ မကျေနပ်စွာ ကြည့်နေသည်။ ဘယ်နှယ့် ကိုယ့်ညီမတစ်ယောက်လုံး အိမ်ထောင်ပြမယ့်အရေးကို အစ်ကိုတစ်ယောက်အနေနဲ့ အဲလိုပဲလှောင်ရလား ..

" ဘယ်သူကလဲ? ဘယ်သူက လီဆာ့မိန်းမလဲ? ရည်းစားတောင် မရှိပဲနဲ့များ "

" အဲဒါ အစ်ကိုတစ်ယောက်က ညီမကိုပြောရမယ့်စကားလား .. စောင့်ကြည့်လိုက် စောင့်ကြည့်နေလိုက် .. အစ်ကို့ထက်အရင် မိန်းမယူပြမယ် .. ပြီးတော့ အစ်မဂျီအွန်းနဲ့လည်း ဒီကိစ္စကိုတိုင်ပြောပစ်ဦးမှာ "

လီဆာ စိတ်ဆိုးကာ ပြောပြီး နောက်လှည့်လိုက်တော့ အာအင်က ထိုင်နေရာမှထကာ လီဆာလက်ကိုအတင်းလှမ်းဆွဲလိုက်သည်။

" မတိုင်ပါနဲ့ .. ဂျီအွန်းနဲ့တော့ သွားမတိုင်ပါနဲ့ .. အခုတောင် စိတ်ဆိုးနေတာကို သွားတိုင်ရင်ပိုဆိုးသွားမှာပေါ့ "

LOVE is like POISON Where stories live. Discover now