Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၆)🔞
"Happy Birthday ပါတာရာလေး ဒီနှစ်ရော ဘာတွေဆုတောင်းလဲ ပြောပါဦး"
(၉)နှစ်ပြည့်မွေးနေ့တွင် ဖယောင်းတိုင်မီးမှုတ်ပြီးသည်နှင့် ဟေဒီက ထုံးစံအတိုင်းမေးခွန်းထုတ်တော့သည်။ ဤနှစ်၌လည်း အရင်နှစ်အတိုင်းပင် မှိုင်းမရှိခဲ့ပါ။ ဟေဒီနှင့် ကောင်းမာန်သာ တာရာ့ကိုအဖော်ပြုခဲ့သည်။
"မှိုင်းကတော်ဖြစ်ပါစေလို့ ဆုတောင်းတယ် ဟိဟိ"
တာရာ၏အဖြေကလည်း ထုံးစံအတိုင်းပါပင် မပြောင်းလဲခဲ့ပါ။ အသုံးအနှုန်းလေးသာ ကွဲပြားလာသည်။ မည်သို့ပင်ဖြစ်စေ တာရာ၏ဆုတောင်းတိုင်းက မှိုင်းကိုဖက်တွယ်ထားခဲ့သည်ချည်းသာ။
သို့သော် ကွဲပြားခဲ့သည်က..
"နင့်မျက်နှာမကောင်းဘူး ဟေဒီ"
Birthdayကျင်းပသည့်တစ်လျှောက်၌ တာရာရှေ့တွင် ဟန်ဆောင်ပြုံးထားသည့်ကြားက ဟေဒီမျက်နှာမကောင်းဖြစ်နေသည်ကို ကောင်းမာန်သတိပြုမိသည်။ Partyကျင်းပပြီး၍ တာရာအခန်းထဲဝင်သွားသည်နှင့် ဧည့်ခန်း၌ ငူငူကြီးထိုင်နေတော့သည်။
"နင်တစ်ခုခုဖြစ်နေသလား.."
မျက်စိမျက်နှာပျက်ယွင်းနေသောဟေဒီ့ကို ကြည့်ပြီး ကောင်းမာန်ထပ်မေးလိုက်၏။ ဟေဒီသက်ပြင်းချလိုက်ရင်း
"အင်း... ငါမပျော်ဘူး ကောင်းမာန်"
"မပျော်ဘူးဟုတ်လား တာရာ့မွေးနေ့တိုင်း အပျော်ဆုံးကနင်ဖြစ်နေတာပဲလေ တာရာ့ထက်တောင်နင်ကပိုပျော်နေတတ်တာ ငါသိတယ်"
"ဟုတ်တယ် ငါကငါကိုယ်တိုင်လုပ်ပေးတဲ့မွေးနေ့ကိတ်လေးနဲ့သူပျော်နေတာကြည့်ပြီး ကြည်နူးခဲ့ရတယ် သူ့အပျော်က ငါ့ကိုပါနှစ်ဆပျော်ရွှင်စေတယ် ဒါပေမဲ့ ဒီနှစ်မွေးနေ့က ငါသူ့အတွက်လုပ်ပေးနိုင်တဲ့နောက်ဆုံးမွေးနေ့ဖြစ်မှာကို ငါစိုးရိမ်မိတယ်.."
"ဘာ... နင်ဘာပြောလိုက်သလဲ.."
ဟေဒီ့စကားက ကောင်းမာန်ကိုအံ့ဩတုန်လှုပ်သွားစေသဖြင့် ကောင်းမာန် ဟေဒီ့အနားသို့ စွေ့ခနဲ့ဝင်ထိုင်လိုက်ပြီး အလောတကြီး မေးတော့သည်။
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...