Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၁၄)
"သူဘာဖြစ်သွားသလဲ.."
အိပ်ရာထက်၌ နွမ်းဖျော့စွာအိပ်မောကျနေသော တာရာ့ကိုကြည့်ပြီး ကောင်းမာန်စိတ်ပူစွာ မေးလိုက်သည်။ မှိုင်းကတော့ ဘာမှမဖြစ်သလိုပင်
"ပေါက်ကွဲတာမြင်ပြီး သတိလစ်သွားတာပဲ.."
"အလန့်လွန်သွားတယ်ထင်တယ် စိုးရိမ်ရလား"
"ငါမသိဘူး.. သေတော့မသေနိုင်သေးတာမို့ သိပ်စိတ်ပူစရာမလိုပါဘူး. ငါအခုအနားယူတော့မယ်.."
အေးတိအေးစက်နှင့် မှိုင်းကဆိုပြီး ဆိုဖာဆက်တီပေါ်၌ ပစ်လဲလိုက်သည်။ အနည်းငယ် ပင်ပန်းလာလျှင်လုပ်နေကြအတိုင်း စီးကရက်တစ်လိပ်ကို ကုန်သည်အထိ တရိူက်မက်မက်ထိုင်သောက်နေတော့သည်။
မှိုင်းကိုကြည့်ပြီး ကောင်းမာန် မသိမသာ သက်ပြင်းချမိသည်။ တစ်ခါတလေမှိုင်းစိတ်က မှန်းဆရခက်လွန်းလှသည်။ ငယ်စဉ်ကတည်းကပေါင်းလာသည့်သူပင် နားလည်ရအတော်ခက်သည်။
အခုလည်းကြည့်လေ...။ တာရာလေးကို တစ်ကိုယ်တော်စွန့်စားပြီး သွားကယ်ခဲ့စဉ်က စိုးရိမ်မှုတွေနှင့်။ အခုကျ ပေါက်ကွဲမှုကြောင့်ထိတ်လန့်ပြီးသတိမေ့သွားသော တာရာကို စိတ်ပူပုံမရ။ မှိုင်းဟာ တာရာ့ကိုသံဃောဇဉ်ရှိရဲ့လား မရှိဘူးဆိုတာ သူကိုယ်တိုင်တောင် ခန့်မှန်း၍ မရတော့ပေ။
"ဟင့်အင်း.... "
ရုတ်တရက်အလန့်တကြားထအော်လိုက်သော တာရာကြောင့် သူတို့နှစ်ယောက်အကြည့်က တာရာ့ထံရောက်သွားသည်။ တာရာက အိပ်ပျော်နေဆဲဖြစ်ပြီး အိပ်ရာပေါ်၌ ဟိုလွန့်ဒီလွန့်လူးလွန့်နေ၏။ မျက်နှာပေါ်၌ ချွေးပေါက်တွေလည်းစီးကျပြီး ကယောင်ချောက်ချား ညည်းညူနေသဖြင့် အိပ်မက်ဆိုးတွေမက်နေပုံရသည်။
"ဒယ်ဒီ.. မာမီ ဟင့်အင်းမလုပ်ပါနဲ့ ဒယ်ဒီ့ကို မသတ်ပါနဲ့ မာမီ့ကိုမလုပ်ပါနဲ့..."
ကြောက်လန့်တကြားအော်ဟစ်ရုန်းကန်နေသည့် တာရာကြောင့် သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်ကြည့်မိသည်။ ဘာစကားမှမဆိုသော်လည်း အချင်းချင်းသိနိုင်သည့် အဓိပ္ပာယ်တွေပြည့်နေသည့်အကြည့်တွေ...။
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...