Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၉၄)
"ထက်နွယ်.. သမီးဘယ်တွေလျှောက်သွားနေတာလဲ နင့်ဦးလေးဆီကနေအသတ်ခံချင်နေပြီလား"
အိမ်ထဲဝင်လာသည့်တာရာ့ကိုမြင်သည်နှင့် ဒေါ်တိမ်ရွှေစင်တစ်ယောက်ကရုဏာဒေါသနှင့်ဆူနေမိသည်။
တာရာ့လုပ်ပုံကိုလည်းကြည့်လေ။ ဒီလောက်တင်းကျပ်ထားသည့်ကြားမှ ရအောင်ကို ထွက်သွားသည်။ အစောင့်တွေကိုလည်း ဘယ်လိုကနေဘယ်လိုအိပ်ဆေးခပ်လိုက်သည်မသိ။ အိပ်မောကျနေသည်မှာ မနည်းကိုလှုပ်နှိုးခိုင်းထားရသည်။
တော်သေးသည်...။ အစ်ကိုငယ်က ဘန်ကောက်ရောက်နေပေမို့။ အစောင့်တွေကလည်း သူတို့ပေါ့ဆမှုကြောင့် ဖြစ်ရသည်မှာအစ်ကိုငယ်သိပါက အပြစ်ပေးခံရမည်စိုးသဖြင့် မတိုင်ရဲပေ။ ထို့ကြောင့် ဒီကလေးမသက်သာသွားသည်မှတ်။
"နင့်ကိုဘယ်လိုဆုံးမမှအသိတရားဝင်နိုင်မလဲ ထက်နွယ်"
စိုးရိမ်ပူပင်မှုတွေကြောင့် ဒေါသတွေထွက်နေရသည့် ဒေါ်တိမ်ရွှေစင်က စိတ်တိုတိုနှင့်ဆူလိုက်ပါသော်လည်း...
"တီတီလေး... အဟင့်ဟင့်"
"ဟင်"
တာရာကငိုကြီးချက်မနှင့် သူမရင်ခွင်ထဲပြေးဝင်လာသဖြင့် ဒေါ်တိမ်ရွှေစင်အံ့ဩသင့်သွားသည်။ ရုတ်တရက်ကြောင်သွားပြီးမှ...
"ဘာဖြစ်လို့လဲသမီး"
"အီး.. ဟီး ဟီး"
တာရာခန္ဓာကိုယ်လေးတသိမ့်သိမ့်တုန်ခါလာသည်အထိ ရှိူက်ငိုချလိုက်သဖြင့် ဒေါ်တိမ်ရွှေစင်အတော်စိတ်ပူသွားကာ
"ထက်နွယ်.. တီတီ့ကိုပြောစမ်း ဘာဖြစ်လို့လဲ"
"အဟင့်..."
"တီတီစိတ်ပူလာပြီ ဘာဖြစ်လာလို့ဒီလောက်ငိုနေရတာလဲ"
"တီတီ"
မျက်ရည်တွေရွဲနှစ်နေသောမျက်နှာလေးနှင့် တာရာခေါင်းမော့လာပြီး
"မှိုင်း... မှိုင်း သိပ် ကြာကြာမနေရတော့ဘူးတဲ့..."
"ဘာရယ်..."
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...