Part-20

5.9K 231 5
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၂၀)

"ဟင့်.. စာမလုပ်ချင်တော့ဘူး ခေါင်းရူပ်လာပြီ.."

စာအုပ်ကိုကြည့်ရင်း ခေါင်းရူပ်လာပုံရသည့်တာရာက ဆံပင်တွေကိုထိုးဖွပစ်ရင်း မျက်နှာလေးရူံ့မဲ့လျက် ဆိုလာတော့သည်။

ကောင်းမာန်တာရာ့ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်ကာ..

"ခေါင်းရူပ်နေရင်ခဏနားပြီးမှ ပြန်ကြည့်လိုက်လေ တာရာ.."

"ပြန်ကိုမကြည့်ချင်တော့ဘူး ကိုကြီး ဒီစာတွေကိုလည်းမြင်ကိုမမြင်ချင်တော့ဘူး ဟင့်"

မျက်နှာလေးရူံ့မဲ့လျက် ဆိုလိုက်ပုံက တကယ်ကိုစိတ်ပျက်လက်ပျက်ဖြစ်နေဟန်။ စာအုပ်ကိုလည်းတဘုန်းဘုန်းနှင့်ထုရိုက်ပြန်ရင်း

"စာတွေကိုမုန်းတယ်.. မုန်းတယ်"

"နင်တို့တွေ ငါ့ဦးနှောက်ကိုဖျက်ဆီးနေတယ် မုန်းချင်စရာကောင်းလိုက်တာ.."

သက်မဲ့စာအုပ်ကိုပင်ကျိန်ဆဲနေတော့ ကောင်းမာန်လည်း မနေသာတော့ဘဲ..

"အေး.. နင်အဲ့လိုပြောနေ.. စာလုပ်ရပိုခက်လေ ဖြစ်မှာနော်"

"အာ့ဆိုလည်းမလုပ်တော့ဘူးပေါ့ ကိုကြီးရယ် စာလုပ်ရလွန်းလို့ ခေါင်းတွေလည်းပေါက်ထွက်တော့မယ်.."

ရူံ့မဲ့ညည်းညူနေသောတာရာ့ဟန်လေးကြောင့် ကောင်းမာန်ပြုံးမိပြန်ပြီး

"ဒါကတော့စာမေးပွဲနီးနေပြီကို နင်တစ်ယောက်တည်းပဲစာလုပ်ရတာမဟုတ်ပါဘူးကွာ သူများတွေလည်းလုပ်နေကြရတာပဲ တစ်လောကလုံး မင်းပဲစာလုပ်နေရသလို ညည်းမနေစမ်းပါနဲ့.."

"တာရာစာမေးပွဲဖြေချင်တော့ဘူး.."

"လုပ်ပြန်ပြီ.."

တစ်နှစ်ပတ်လုံး ၃၂၅ခါမြောက်ပြောခြင်းပင် ဖြစ်သည်။ အခုလည်း စာမေးပွဲမဖြေချင်ဘူး ဖြစ်ရပြန်ပြီ။ ကြည့်လေ.. လုံးဝတည်တည်တံ့တံ့ပုံစံနှင့်

"တကယ်ပြောတာ ကိုကြီးကောင်းမာန်ရဲ့.. မှိုင်း ဒီလောက်ချမ်းသာတာကို တကယ်ဆိုရင် တာရာစာမလုပ်လည်းဖြစ်တာပဲ"

🖤Until the End of Time 🖤 Where stories live. Discover now