Part-57

3.1K 124 2
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၅၇)

နေရောင်စူးစူးက မျက်နှာပေါ်ထိုးကျလာသဖြင့် ကောင်းမာန် မျက်လုံးတွေဖြေးညှင်းစွာ ပွင့်လာသည်။ အရင်ဆုံးသတိထားမိသည်က လေဝင်လေထွက်ကောင်းလွန်းသည့်အခန်းတစ်ခန်း။ ဒါကြောင့် နေရောင်ခြည်က သူ့မျက်နှာပေါ်ထိုးဖြာလာသည်ကို။

တလူးလူးလွင့်နေသည့်လိုက်ကာစ၏နောက်မှ ချစ်စဖွယ်လှပနေသော ဝရန်တာကိုလည်း တွေ့လိုက်ရသည်။ ထိုဝရန်တာလက်ရန်းတစ်လျှောက်တွင်တော့ ပန်းအိုးနှင့်အပင်ငယ်လေးတို့ကိုလှလှပပစီတန်းထားသည်ကို တွေ့လိုက်ရသည်။ မြင်ကွင်းကဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော်လည်း ဘယ်နေရာရောက်နေမှန်းမသိသေးတော့ ကောင်းမာန်ထဖို့ကြိုးစားလိုက်သည်။

"အား.. ကျွတ်စ် ကျွတ်စ်"

ထိုအခါမှ သူ့တစ်ကိုယ်လုံးမခံရပ်နိုင်အောင် နာကျင်ကိုက်ခဲနေမှန်းသတိပြုမိသည်။ ကောင်းမာန်အိပ်ရာမှအတင်းထဖို့ကြိုးစားနေစဉ်မှာပင်

"နိုးပြီလား.."

အသံနှင့်အတူ အခန်းထဲဝင်လာသည်က မနက်ခင်း၏လတ်ဆတ်ခြင်းကို ပို၍သင်းပျံ့စေသော အလှတရားတွေနှင့် ဟေသုမဒီ။

"ဟေဒီ"

"နိုးပြီဆိုလည်း ဇွတ်မထနဲ့ဦး နင်ဒဏ်ရာတွေရထားတာမနည်းဘူး"

ဟေဒီကပုံမှန်လေသံဖြင့်ဆိုရင်း ပြတင်းပေါက်မှလိုက်ကာစတွေကိုဖယ်ပြီး ပန်းပင်တွေကို ရေခရားလေးနှင့် ရေလောင်းနေတော့သည်။ သူမပုံစံက စိတ်လှုပ်ရှားခြင်းမရှိဘဲ အေးအေးလူလူရှိလှသည်။ ကောင်းမာန်မှာသာ ဟေဒီလှုပ်ရှားသမျှတို့ကို အကြောင်သားလိုက်ကြည့်နေမိရင်းနှင့်

"ငါဘာလို့ ဒီရောက်နေသလဲ"

"ညက အယ် မနက်အစောကြီးလို့ပြောရင် ပိုမှန်မယ်ထင်တယ် နင်ငါ့ဆီရောက်လာတာလေ မမှတ်မိဘူးလား"

ဟေဒီစကားကြောင့် ကောင်းမာန်လည်းအဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်သည်။ ကိုက်ခဲနေသည့်ဦးနှောက်ကြားမှ မှတ်မိလိုက်သည်က ညကသူမိုက်ကယ်နှင့် အကြိတ်အနှယ် စာရင်းရှင်းခဲ့သည်။ မိုက်ကယ်ကို စိတ်ကြိုက်လက်တုန့်ပြီးနောက် ပင်ပန်းနုံးချိလွန်းသဖြင့် ဘယ်ကိုသွားမိမှန်း သူ့ကိုသူပင် သတိမထားမိခဲ့ပါ။ သူတကယ်ပဲ ဟေဒီ့အိမ်ရောက်ခဲ့သည်လား။

🖤Until the End of Time 🖤 Where stories live. Discover now