Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၃၂)
"အား... ဗိုက်ဆာလိုက်တာ"
ဗိုက်လေးကိုပွတ်သပ်ရင်း တာရာညည်းလိုက်မိသည်။ ညကကိစ္စကြောင့် မှိုင်းနှင့်မျက်နှာချင်းဆိုင်ရမှာရှက်သဖြင့် တစ်နေကုန်အခန်းအောင်းပြီး ရှိတဲ့မုန့်လေးပဲထုတ်စားထားတော့ ဗိုက်ကမခံမရပ်နိုင်အောင် ဆာလေပြီ။
မှိုင်းကလည်း အတော်လေးနေစိမ့်နိုင်လွန်းလှ၏။ ထမင်းမစားဘူးလားဟု မနက်က တစ်ခါခေါ်ပြီး ထပ်မခေါ်တော့ပါ။ သူ့ကလေးမ တစ်နေကုန် ထမင်းမစားဘဲနေသည်ကို တစ်စက်မှ စိတ်မပူဘူးလားမသိ။ အသည်းမာလိုက်ပါဘိ။
"ဟာ... မရတော့ဘူး မခံစားနိုင်တော့ဘူး ရှက်တာမရှက်တာလည်း မသိတော့ဘူး မျက်နှာအုပ်ပြီး ထမင်းသွားစားတော့မယ်"
အရှက်နှင့်အစားဆို အစားကိုပဲရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် တာရာအခန်းထဲကနေ တက်ကြွသောခြေလှမ်းတွေနှင့် ထွက်လာလိုက်၏။ ခြေလှမ်းတွေကလည်းထမင်းစားခန်းရှိရာ တန်းနေအောင် လျှောက်သွားတော့သည်။ မှိုင်းမှာထားသည့်အစားအသောက်တွေက စားပွဲဆောင်ပေါ်၌ စားချင်စဖွယ်ကောင်းအောင် စုံစုံလင်လင်ရှိနေသည်ကို တွေ့လိုက်ရတော့ တာရာလည်း ဘာမှစဉ်းစားမနေတော့ဘဲ အားပါးတရပင် စားလိုက်၏။
ညနေရောက်ပြီဆိုတော့ မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ်စာအတွက် စားကောင်းကောင်းနှင့်စားပစ်သည်မှာ ထမင်းခြောက်ပန်းကန်လောက်ကုန်သွားသည်။
"စားလို့ကောင်းလိုက်တာ..."
စားပြီးတော့ မထနိုင်သဖြင့် ဗိုက်ကလေးကို ပွတ်လျက်နှင့် တာရာထိုင်ခုံကိုမှီကာ အပျင်းထူနေရာမှ
"မှိုင်းဘယ်ရောက်နေသလဲ"
မှိုင်းမရှိသည်ကိုသတိပြုမိတော့ တာရာထမင်းစားခန်းမှထွက်ပြီး မှိုင်းကိုလိုက်ရှာမိသည်။ အပြင်ဘက်ဧည့်ခန်းတွင် မရှိ။ အိပ်ခန်းထဲ၌လည်းမတွေ့။ အပြင်ထွက်သလားဆိုပြီး ကားဂိုဒေါင်ကိုပြေးကြည့်တော့လည်း မှိုင်း၏ကား(၆)စီးလုံးရှိနေသည်။
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...