Part-41

5K 236 6
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၁)

"ခေါင်းကိုခြောက်အောင်သုတ်ပြီးမှ dryer နဲ့မှုတ် မဟုတ်ရင် ခေါင်းကိုက်လိမ့်မယ်"

ပြောပြီးမှ သူ့ဟာသူစိတ်မချဖြစ်ပုံရသည်။ သဘက်ယူပြီး ကိုယ်တိုင်အသေအချာ သုတ်ပေးနေသည်။ တာရာက မှိုင်းလုပ်သမျှကို မျက်လုံးရွဲတွေနှင့်သာ ကြည့်နေရှာသည်။

Dryerနှင့်မှုတ်ပြီးသည်အထိ မျက်တောင်မခတ်စတမ်းကိုကြည့်နေတော့ မှိုင်းပင်နေရခက်လာကာ

"ဘာလို့ကိုယ့်ကိုဒီလောက်တောင် စိုက်ကြည့်နေသလဲ"

"တာရာ အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး တကယ်ဖြစ်နေတာ"

"မှိုင်းက တာရာ့ကိုချစ်တယ်ပေါ့ တကယ်ကြီးလား"

အခုချိန်ထိမယုံကြည်ဟန်ဖြစ်နေသည့်တာရာ၏ခေါင်းလေးကို သူအသာပွတ်သပ်ပေးရင်း..

"ဒါပေါ့.. ဒီလောက်ချစ်စရာကောင်းတဲ့ကောင်မလေးကို ကိုယ်ကမချစ်ဘဲနေပါ့မလား"

"အဟိ.. ကြိုက်လိုက်တာအဲ့စကားကို"

မှိုင်းထံမှ ချစ်စရာကောင်းသည်ဆိုသောစကားကိုကြားတော့ တာရာ့မှာသဘောမနှောတွေခွေ့နေတော့သည်။ မှေးလေးထောက်ပြီးတော့မှိုင်းကိုလည်း ရွှန်းရွှန်းဝေအောင်မော့ကြည့်ကာ

"တာရာအိပ်မက်လိုပဲခံစားနေရတယ် မှိုင်းရယ်.. အိပ်မက်မဟုတ်ဘူးဆိုတာ တာရာ့ကိုသက်သေပြပါလား"

"အင်း... ဘယ်လိုသက်သေပြပေးရမှာလဲ"

"နှဖူးလေးကိုနမ်းပေးတာပဲ ဖြစ်ဖြစ်ပေါ့ ဟီး"

ကြည့်စမ်း.. တကယ့်အလည်မလေး။ မှိုင်း သူမလေး၏မေးဖျားလေးကို ဖျပ်ခနဲ့ဆွဲလိုက်ပြီးနောက် မပြောမဆိုနှင့် ဖိကပ်နမ်းလိုက်သည်က နှုတ်ခမ်းဖူးဖူးလေးတွေဆီကို။

"ဟင်..."

တကယ်တမ်းအနမ်းခံရပြန်တော့လည်း တာရာ့ခမျာ မျက်နှာလေးရဲရဲနီကာ ရှက်သွေးဖြာသွားသည်။ ရင်တွေလည်း အဆမတန်ခုန်လွန်းသွားပြန်တော့ မျက်လုံးကိုအတင်းစုံမှိတ်ထားပြီး လက်တွေကလည်း ဝတ်ထားသည့်ဂါဝန်စလေးကို လုံးခြေဆုပ်ကိုင်ထားမိသည်။ ဆယ်ကျော်သက်တစ်ယောက်၏ရင်ခုန်ခြင်းတွေဟာ အပြစ်ကင်းစင်ပြီး လှပနေပါရဲ့။

🖤Until the End of Time 🖤 Where stories live. Discover now