Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၉၂)
"ဘယ်သွားနေတာလဲထက်နွယ် ဒီမှာမောင်ဝဋ္ဌာတို့ရောက်နေတယ်"
ဧည့်ခန်းထဲဝင်လိုက်သည်နှင့် ဆီးကြိုနေသည့်ဦးလေးမိုးတိမ်၏စကား။ ဧည့်ခန်းထဲတွင်လည်း ဝဋ္ဌာဘုန်းလျံအပါအဝင် မီးလျှံအိမ်တော်ကလူတွေရောက်နေသည်။
သို့သော်တာရာက ၎င်းတို့ကိုတစ်ချက်မျှသာကြည့်ပြီး နှုတ်ပင်နှုတ်မဆက်ဘဲ ထွက်သွားမည်ပြုတော့
"ထက်နွယ်"
သူမအပြုအမူကြောင့် ဦးလေးအသံက အနည်းငယ်မာသွားသည်။ သို့တိုင် တာရာဂရုမစိုက်ပါ။
"ကျွန်မနားချင်နေပြီ.."
"မောင်ဝဋ္ဌာတို့ရောက်နေတာမမြင်ဘူးလား"
"မြင်တယ်လေ"
"ဒါတောင် နှုတ်မဆက်ဘဲသွားဦးမလား"
"............."
"ထက်နွယ်အခုဒီမှာလာထိုင်စမ်း..."
မိုးတိမ်ကအာဏာသံနှင့်ဆိုလိုက်သည့်တိုင် တာရာကတော့ မခိုးမခန့်အမူအရာနှင့်ပင်
"မထိုင်ချင်တော့ဘူး ဘာပြောမလို့လဲ"
"မင်းဘယ်ကပြန်လာတာလဲ"
"သိချင်တာလား"
တာရာခပ်မဲ့မဲ့အပြုံးနှင့်ဆိုလိုက်သည်က
"မှိုင်းကိုသွားတွေ့ပြီး ပြန်လာတာလေ"
"ဘာ.."
မိုးတိမ်အသံကကျယ်လောင်သွားသည်။ ဧည့်ခန်းထဲတွင်ရှိနေသည့် မီးလျှံအိမ်တော်မှမိသားစုဝင်တွေလည်း မျက်နှာမကောင်းတော့ပါ။ တာရာက ဘယ်သူ့ကိုမှဂရုမစိုက်ပါ။ ဧည့်သည်တွေကိုကြည့်ပြီး ပြုံးပင်ပြုံးလိုက်ကာ
"လူစုံနေတာနဲ့အတော်ပဲ ကျွန်မတစ်လက်စတည်းပြောချင်တယ် မီးလျှံအိမ်တော်ကသခင်လေးဝဋ္ဌာနဲ့ စေ့စပ်ထားတဲ့ကိစ္စကို ကျွန်မဘက်က ဖျက်သိမ်းချင်တယ်"
"ဟင်.."
"ထက်နွယ် မင်းဘာပြောလိုက်လဲ"
မိုးတိမ်က ထိုင်နေရာမှဝုန်းခနဲ့ထပြီး ဒေါသတကြီးဆိုလိုက်သလို သခင်လေးဝဋ္ဌာကလည်း ထိုင်နေရာမှထပြီး
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...