Part-50

4.1K 181 0
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၅၀)

"တာရာ..."

အခန်းထဲ၌ တာရာ့ကိုမတွေ့တော့ မှိုင်းပျာသွားတော့သည်။ မနေ့ညတစ်ညလုံးအလုပ်ကိစ္စနှင့် အချိန်ကုန်သွားရပြီး ဒီမနက်မှသူရောက်လာနိုင်ခဲ့သည်။ တစ်ညလုံးမအိပ်ခဲ့ရတော့ လူကနွမ်းပြီး အနားယူချင်နေပြီဖြစ်သည်။ သို့သော် အခန်းထဲ၌သူမရှိမနေသည်ကိုမြင်တော့ နားဖို့မတွေးနိုင်တော့ဘဲ အပြင်ကိုကပျာကယာထွက်လာရသည်။

ဟိုတယ်ဝန်ထမ်းတွေကိုမေးကြည့်တော့ ပင်လယ်ဘက်ဆင်းသွားသည်ကိုတွေ့လိုက်သည်ဟုဆိုသဖြင့် သူပင်လယ်ကမ်းခြေဘက်သို့ ထွက်လာလိုက်၏။

"ပြန်မလာမချင်း ဘယ်မှလျှောက်မသွားပါနဲ့လို့ ပြောထားတာကို နားမထောင်ဘူး"

ကမ်းခြေဘက်သို့ ဆင်းလာရင်းနှင့် မှိုင်းမကျေမနပ်ရေရွတ်လိုက်သည်။ မနက်စောသေး၍ ထင်သည်။ လူသိပ်ရူပ်မနေသည့်ကမ်းခြေက လေတဖြူးဖြူးနှင့် အတော်သာယာသည်ဟု ဆိုရမည်။ ကောင်းကင်ဖြူဖြူအောက်မှ ပြာလွင့်လွင့်ပင်လယ်ကြီး လှိုင်းသံသာသာနှင့်တွန်လူးနေပုံက ကြည့်၍လှနေသလို လတ်ဆတ်သည့် မနက်ခင်းလေအေးအေးတို့ကလည်း စိတ်ကို ကြည်လင်ချမ်းမြေ့စေပါရဲ့...။

သူ့အချစ်လေးပျောက်နေသဖြင့် စိတ်မကြည်နိုင်သေးသည့်မှိုင်းကတော့ ကမ်းခြေတစ်လျှောက် မျက်လုံးဝေ့ကြည့်လိုက်သည်။ သိပ်တော့မရှာလိုက်ရပါ။ သဲသောင်ပေါ်၌ ဂါဝန်လေးကားကားဖြင့် လျှောက်သွားနေသည့် သူ့အသည်းကျော်လေးကိုတွေ့လိုက်ရသည်။

ကြည့်စမ်း.. နေတောင်ကောင်းကောင်းမထွက်သေးဘူး။ အလှပြင်ပြီး ကမ်းခြေမှာတစ်ယောက်တည်း ပဲများနေလိုက်တာများ...။

မှိိုင်းတွေးရင်း သူမထံသို့လျှောက်လာစဉ်မှာပင်

"ဟင်..."

သူမရှိရာချည်းကပ်လာသည့်ကောင်လေးနှစ်ယောက်ကြောင့် မျက်မှောင်ကုပ်မိသည်။ ထိုကောင်လေးနှစ်ယောက်က သူမကိုဘာတွေလာပြောသည်မသိသော်လည်း သူမကရယ်ရယ်ပြုံးပြုံးနှင့်ပင် တုန့်ပြန်နေသည်။ အပြန်အလှန်ပြောဆိုနေကြသည်မှာ ဘယ်လောက်တောင် အဆင်ပြေနေသည်လဲ။ သူမ၏ရယ်သံသဲ့သဲ့လေးကိုပင် အတိုင်းသာကြားနေရသည်။

🖤Until the End of Time 🖤 Where stories live. Discover now