Part-61

3.1K 112 2
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၁)

ရောင်စုံမီးရောင်တွေထိန်ဖြာလျက်ရှိသော ဘန်ကောက်မြို့၏ညကာလှပလွန်းနေ၏။ ထိုညအလယ်တွင် အဆင့်မြင့်ဟိုတယ်၏Rooftopတွင် လေညှင်းခံနေသော ချစ်သူနှစ်ဦး၏ခံစားချက်တွေက ပို၍လှပနေမည်ထင်ပါသည်။ တဖြူးဖြူးတိုးဝှေ့နေသော လေပြေတို့ကိုခံယူရင်း ရင်ခုန်သံတွေနောက် တသိမ့်သိမ့်မျှောပါခံစားရခြင်းတို့က ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှသည်မဟုတ်လား။

"တာရာအရမ်းပျော်တာပဲ သိလား"

ချစ်ရသူ၏ရင်ခွင်ကိုမှီတွယ်ထားရင်းနှင့် တာရာဆိုလိုက်သည်။ မှိုင်းကသူမနှဖူးလေးကို ဖွဖွလေးနမ်းလိုက်ပြီး

"ကိုယ်ကလေးပျော်ရင်ရပါပြီ"

"တာရာဘဝမှာ ဒီနေ့လောက် တစ်ခါမှမပျော်ခဲ့ဖူးဘူး"

သူမဆီမှထိုစကားကိုကြားရတော့ သူကျေနပ်ပါသည်။ ခန္ဓာကိုယ်သေးသေးလေးကိုလည်း တင်းကျပ်နေအောင်ဖက်ထားမိရင်းနှင့်

"ကိုယ်ကမင်းကိုတစ်သက်လုံးပျော်အောင် ထားပေးမှာပါ ဘေဘီရယ်"

"မှိုင်းနားမှာနေရရင်ကို တာရာကပျော်နေပြီမို့ ထွေထွေထူးထူးဘာမှလုပ်ပေးစရာမလိုပါဘူးနော်"

"ဒါနဲ့ကိုကိုလို့လည်းခေါ်ပါဦးဘေဘီရဲ့"

မှိုင်းစကားကြောင့် တာရာရှက်ပြုံးလေး ပြုံးမိပြီး

"မှိုင်းလို့ခေါ်တာကို ပိုခရေဇီဖြစ်နေမိတယ်"

"သဘောပါ ဒါပေမဲ့နောက်ဆိုနှစ်ယောက်တည်းရှိတဲ့အချိန်ဆိုရင် ကိုကိုလို့တော့ခေါ်ရမယ်"

"ဟုတ် ကိုကို"

ခေါင်းလေးငုံ့လျက်ဖြေလိုက်ပုံကတကယ့်ကလေးလေးအတိုင်းပင်။ သူ့အတွက်လည်း တကယ်ကိုချစ်မဝသည့်ကလေးငယ်လေးပါ။ ရင်ခွင်ထဲမှလွတ်ထွက်သွားမည်စိုးသည့်အလား ခပ်တင်းတင်းပွေ့ဖက်ထားရင်း နှဖူးလေးတွေ၊ ပါးလေးတွေကိုလည်းအကြိမ်ကြိမ်နမ်းနေမိ၏။ ပိုင်ဆိုင်ထားရသော်လည်း ဘာကြောင့်မှန်းမသိပါ။ ရင်တွေ စိုးထင့်နေသည်။ ဆုံးရူံးရမည်လားဆိုသည့်အတွေးနှင့်ပင် ဆစ်ခနဲ့ နာကျင်သွားရပါသည်။

🖤Until the End of Time 🖤 Where stories live. Discover now