Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၅၃)
"တောက်... ဖုန်းလိုင်းကလည်းမမိဘူး"
ဒေါသတကြီးတက်ခေါက်ပြီးနောက် ဖုန်းကိုလွင့်မပစ်မိစေရန် စိတ်ကိုမနည်းချုပ်ထိန်းထားရ၏။ မှုန်ဝါးဝါးလရောင်အောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ညည့်ဌက်အသံမှအပ ဘာသံမှမကြားရသောကြောင့် လူနေအိမ်ခြေနှင့် အလှမ်းဝေးမည်ထင်ပါသည်။
တော်သေးသည်..။ တောအတွင်း၌ တဲပျက်လေးတစ်ခုတွေ့ပေလို့။ အကာမပါသော်လည်း အမိုးနှင့်ကွပ်ပျစ်လိုအခင်းရှိနေတော့ မြေပြင်ပေါ်အိပ်ရမည်ထက်စာလျှင် အများကြီးအဆင်ပြေသည်ဟု ဆိုရပါမည်။
ကြည့်ရသည်မှာ သစ်ခုတ်သမားတွေ(သို့) တောတိုးသူများအနားယူနိုင်ရန် အသုံးပြုသောတဲဖြစ်မည်ထင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အတွက် ဒီညအနားယူဖို့အကောင်းဆုံးနေရာဖြစ်သည်။
"အင်း..."
ခပ်တိုးတိုးညည်းသံကြောင့် မှိုင်းဖုန်းဆက်ဖို့မကြိုးစားတော့ဘဲ သူမကိုသိပ်ထားသော တဲလေးရှိရာသို့ လျှောက်သွားလိုက်သည်။ အတော်လေးသွေးပျက်သွားရှာသည်ထင်သည်။ တာရာက သတိမေ့သွားသည်မှာ အတော်ကြာပြီဖြစ်သည့်တိုင် သတိပြန်မရသေးပါ။
"တာရာ..."
နွမ်းဖျော့နေသည့်မျက်နှာလေးကိုကြည့်ပြီး ရင်နာမိပါသည်။ ဖုန်တွေ၊သဲတွေနှင့်ပေကျံနေသည့်တိုင် မျက်နှာလေးကချစ်စရာကောင်းနေဆဲပင်။ သူ့ကြောင့် အခုလိုဒုက္ခရောက်ရသည်ကိုတွေးမိတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးနိုင်အောင် ဖြစ်ရသည်။
ညည်းညူနေသော်လည်း ယခုတိုင် သူမသတိမရသေးပါ။ မှိုင်းအပေါ်အင်္ကျီကိုချွတ်ပြီး သူမကိုယ်ပေါ်ခြုံလွှမ်းပေးလိုက်စဉ်
"ဟင့်အင်း... မလုပ်ပါနဲ့"
"တာရာ..."
"မာမီနဲ့ဒယ်ဒီကိုမသတ်ပါနဲ့နော် အဟင့်"
မျက်ရည်စက်တွေပေါက်ခနဲ့ကြွေခရင်း အထိတ်တလန့်ညည်းညူနေသည်ကိုမြင်တော့ ရင်ထဲဆစ်ခနဲ့နာသွားရသည်။ အိပ်မက်ဆိုးမက်ပြီး ယောင်နေပုံရ၏။ သို့သော် သူမစကားတွေက အမှားတွေမှ မဟုတ်သည်ပဲ။ တမင်မေ့ထားခဲ့သော အတိတ်ကိုပြန်သတိရစေတော့ ဘာကိုနာကျင်မှန်းမသိအောင် နာကျင်ရသည်။
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...