Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၂၇)
"ဟွန့်.. မုန်းလိုက်တာ"
မှိုင်းနှင့်အတူ လေသာဆောင်တွင် အရက်သောက်နေသည့် ဟန်နာကိုကြည့်ပြီး တာရာမကျေမနပ်ဆိုမိသည်။ အရေးထဲ ကိုကြီးကောင်းမာန်ကလည်း ရုတ်တရက်ခရီးထွက်သွားတော့ အဲ့ဒီ့မိန်းမ မှိုင်းနှင့်နှစ်ယောက်တည်းအတူထိုင်ကာ အရက်သောက်နေရပြီဖြစ်သည်။
တာရာက အသက်မပြည့်သေးသည့်အတွက် အရက်ဝိုင်းနားတွင်ပင် ကပ်ခွင့်မရတော့ စိတ်တိုလိုက်တာမှ တအားပဲ။
"အဟင်း ဟင်း..."
ကြည့်.. ရယ်သံကအစ ဘယ်လိုတောင် ချွဲပစ်နေလိုက်သည်လဲ။ မျက်နှာပဲမူရာမာယာများသည်မဟုတ်။ နှုတ်ခမ်းလေးကိုလက်နှင့်ပိတ်ပြီး လုပ်သံကြီးဖြင့်် တဟင်းဟင်းရယ်နေပုံက အတော့်ကိုအမြင်ကတ်ဖို့ကောင်းသည်။ ဒါကို မှိုင်းက သဘောကျသည်လား။ တာရာနှင့်ဆို မရယ်မပြုံးတတ်သည့် မှိုင်းမျက်နှာက ပြုံးနေတော့သည်။
မြင်ရသည်မှာစိတ်မချမ်းသာလွန်းလှသဖြင့် တာရာဆက်ပြီးတောင် မချောင်းကြည့်နိုင်တော့ဘဲ အောက်ကိုပြန်ဆင်းလာရသည်။ ဆိုဖာခုံပေါ်၌ဒေါသတကြီးထိုင်ချရင်းနှင့် မျက်မှောင်ကုပ်ကာ စဉ်းစားနေမိသည်။
တဟားဟားအော်ရယ်တတ်သည့်တာရာ့ပုံစံနှင့်တော့ မှိုင်းကိုသိမ်းသွင်းဖျားယောင်ဖို့က မလွယ်သည်ပဲ။ ဒီတော့ အရင်ဆုံးရယ်သံကိုပြောင်းကြည့်ရမည်လား။
အတွေးဖြင့် တာရာ toilet ရှေ့ကမှန်တွင်ရပ်ပြီး ဟိုအမျိုးသမီးပုံစံအတိုင်း နှုတ်ခမ်းလေးကို လက်လေးဖြင့်မသိမသာဖိကပ်ထားပြီး တဟင်းဟင်းရယ်ကြည့်သည်။
"အော့.. ငါအန်ချင်လာပြီ"
ကြည့်နေရင်းမှ ကိုယ့်ကိုယ်ကိုယ်ရွံလာသဖြင့် ရပ်လိုက်ရသည်။ ထိုစဉ်မှာပင် ဒီဘက်ကို လျှောက်လာသည့်ခြေသံကြောင့် လှည့်ကြည့်လိုက်တော့ ဟန်နာ။ Toiletလာသုံးသည်ထင်သည်။ သူမမြင်တော့ မျက်နှာက လှောင်ရိပ်တွေ ထင်သွားသည်မှာ မုန်းစရာကောင်းလှသည်။
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...