Tres

192 22 18
                                    

Unicode

ခင်မင်တာ တစ်လပဲရှိသေးပေမယ့် Sehun နဲ့ Jongin ဟာ စားအတူ၊ သွားအတူ၊ စာလုပ်အတူတူဖြစ်လာ၏။ Jongin နဲ့ Sehun ဟာ စိတ်ချင်းမတူကြပေမယ့် ညှိလို့အဆင်ပြေကြတဲ့အတွက် ပေါင်းသင်းရတာအဆင်ပြေနေသည်။

တန်းခွဲအတူတူဖြစ်တဲ့အပြင် ခုံအတူတူထိုင်ရတဲ့အတွက် အမြဲလိုလိုတွဲဖြစ်နေကြသည်။ ဘေးချင်းကပ်ထိုင်ရတာဖြစ်လို့ တခြားအတန်းဖော်တွေထက်လည်း ရင်းနှီးမှုရလာခဲ့သည်။ တစ်ယောက်အကြောင်းလည်းတစ်ယောက်ပိုသိလာခဲ့၏။

Jongin ကတော့ပုံမှန်အတိုင်းပဲ မနက်ဆို ၅နာရီထ။ ဖေဖေအိမ်မှာရှိရင် မနက်စာလုပ်ပေးတယ်။ ကျောင်းထမင်းဘူးပြင်တယ်။ စာကြည့်တယ်။ ဘက်စ်ကားနဲ့ကျောင်းသွားတယ်။

ကျောင်းရောက်ရင် Ravi နဲ့စာကြည့်တိုက်မှာ စာအတူလုပ်တယ်။ စာသင်ခန်းထဲရောက်ရင် Sehun ကိုစာရှင်းပြတယ်။ Sehun နဲ့ Toilet တူတူသွားတယ်။ စကားပြောတယ်။

Sehun နဲ့ကတစ်ဆတစ်ဆနဲ့ ခင်မင်ရင်းနှီးလာပြီ။ Sehun ရဲ့ဂရုတစိုက်ရှိပုံလေးတွေကို Jongin သဘောကျမိသည်။ ဒါ့ကြောင့်တပူးပူးတတွဲတွဲဖြစ်လာကြသည်။

ကျောင်းမှာအရာရာ အဆင်ပြေပေမယ့် နေ့လယ်ထမင်းစားချိန်မှာတော့ ပြဿနာက နည်းနည်းရှိလာတော့သည်။

တခြားတော့ မဟုတ်ပါ။ တန်းခွဲမတူတဲ့ Ravi နဲ့အရင်ကဆို ကန်တင်းတူတူထိုင်ဖြစ်ပေမယ့် အခုနောက်ပိုင်း Sehun နဲ့ထိုင်ဖြစ်တာများလို့ Ravi ကစိတ်ကောက်၏။

Sehun ကလည်းသူနဲ့ကန်တင်းမထိုင်ရင် စိတ်ကောက်ချင်ရော။ Sehun ကျတော့တမျိုးလေး။ Sehun က Jongin ထမင်းဘူးကိုအမြဲစားပြီး Jongin ကိုကျတော့ ကန်တင်းကဟင်းဝယ်ကျွေး၏။

Ravi ကတော့ Jongin ကို သူ(Ravi) ဝယ်ကျွေးတဲ့ထမင်းကိုမစားလို့ စိတ်ဆိုးချင်နေတာ။ Jongin ကလည်းဘယ်တုန်းကမှ တခြားသူဝယ်ကျွေးတာကိုမစားခဲ့ပဲ Sehun ဝယ်ကျွေးတာမှစားမိတော့ Ravi ကိုမျက်နှာပူရပြန်ရော။

အဲနှစ်ယောက်နဲ့အခု ကန်တင်းမှာအတူတူထိုင်နေရပြီ။ Jongin ကိုအလယ်မှာထားလို့ Ravi နဲ့ Sehun က ဘေးတစ်ဖက်စီမှာထိုင်နေကြ၏။ တစ်ချက်တစ်ချက်လည်း ဘုကြည့်တွေကြည့်နေကြသေးတာမို့ Jongin မှာထိန်းနေရသည်။

DevotionWhere stories live. Discover now