Dieciocho

202 11 10
                                    

Unicode

ဖေဖေ့အသုဘပြီးထဲက Sehun နဲ့အဆက်အသွယ်ပြတ်သွားခဲ့သည်။ Sehun က လည်းမဆက်သွယ်သလို Jongin ကလည်း ကုမ္ပဏီနဲ့အိမ်နဲ့ပဲအသွားအလာရှိနေတော့သည်။ ဖုန်းလာနေကြအချိန်လေးတွေမှာ Sehun များဆက်မလားလို့မျှော်လင့်နေမိပေမယ့် ခေါ်သူမဲ့ဖုန်းလေးက Jongin ကိုလှောင်နေသလိုပဲ။

အတူရှိခဲ့ချိန်တွေဟာ အရမ်းကိုတိုတောင်းနေသလိုခံစားရပါသည်။ ချစ်ခဲ့ကြတဲ့ ၆နှစ်တာကာလက ခဏလေးလိုပဲ။ Sehun ကတော့ သိပ်မကြာခင် မင်္ဂလာပွဲလုပ်တော့မယ်။ Jongin ရင်ထဲမှာတော့ အခုထဲက မုန်တိုင်းထန်နေခဲ့ပြီ။ အရမ်းချစ်ရတဲ့ ချစ်သူကို တစ်ခြားသူလက်ထဲထည့်ပေးလိုက်ရတာ ဘယ်လောက်ရင်နာစရာကောင်းလည်းဆိုတာ ခံစားဖူးသူပဲသိနိုင်ပါလိမ့်မည်။

Jongin မှာအခုချိန်ငြိတွယ်စရာ ချစ်သူလည်းမရှိ၊ သွေးသားရင်းဖခင်လည်းမရှိတော့တာမို့ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဖြစ်လာသလိုပဲ။ ဒီလောကကြီးထဲ ငြီးငွေ့ဖွယ်နေ့ရက်တွေကို တစ်ယောက်ထဲဖြတ်သန်းနေရတာမို့ မတွေးအပ်တဲ့လုပ်ရက်တွေကိုပါ တွေးမိလာတော့သည်။

ဒီလောကကြီးထဲ Jongin လိုဘာမှမဟုတ်တဲ့မြူမှုန်လေး ပျောက်ကွယ်သွားလဲ ကမ္ဘာကြီးကတော့ ဆက်လက်လည်ပတ်နေမှာပဲ။ သူတကယ်ရှင်သန်ဖို့မလိုအပ်တော့ဖူးမလား။ Sehun ကိုလက်လွှတ်ပြီးပြီမို့ Jongin အတွက် ဘာမှမက်မောစရာမရှိတော့ပါ။

လက်ရှိအလုပ်မှာလည်း ဆက်လုပ်ကိုင်လိုစိတ်က မရှိတော့။ အရင်ကတော့ ဖေဖေ့ကိုကျေးဇူးဆပ်ဖို့ အလုပ်အကိုင်ကောင်းရဖို့ကို အသေအလဲကြိုးစားခဲ့တာ။ ရာထူးတက်ဖို့လည်း မျှော်မှန်းခဲ့ရတာ။ အခုတော့ Jongin က ဒီတစ်ခါရာထူးတိုးထဲ လျာထားခံရပေမယ့် Jongin မမက်မောတော့ပါ။ ဖေဖေမှမရှိတော့ပဲ။

အလုပ်ဆင်းတာနဲ့ ဘာမှရေရေရာရာလုပ်စရာမရှိတော့ ပျင်းရိစွာနဲ့ပဲ နေထိုင်ရာရပ်ကွက်စီ ရထားတိုးစီးရင်းပြန်လာမိသည်။ အိမ်ရောက်တော့လည်း ညစာကိုဖြစ်သလိုစားပြီး အိပ်ယာထဲခွေခေါက်နေလိုက်တော့၏။ သူ့ဘဝက အရမ်းကိုအထီးကျန်ဆန်လွန်းလှပါသည်။

မနက်ဖြန်ဆို Sehun လက်ထပ်တော့မှာပဲ။ ချစ်ရတဲ့သူကို တခြားသူရင်ခွင်ထဲထည့်ပေးလိုက်ရပြီ။ သူဒီလောကကြီးမှာ ဆက်လက်ရှင်သန်လိုစိတ်မရှိတော့ပါ။

You've reached the end of published parts.

⏰ Last updated: Jan 06 ⏰

Add this story to your Library to get notified about new parts!

DevotionWhere stories live. Discover now