Trece

133 20 14
                                    

Unicode

"အောက်တန်းစား"

Jongin နှလုံးခုန်တွေမြန်လာသလို လက်ဖျားတွေလည်းအေးစက်လာသည်။ အေးစက်တဲ့အကြည့်နဲ့ နီရဲတဲ့ဆိုးဆေးခြယ်သထားတဲ့ နှုတ်ခမ်းဖျားက ထွက်လာတဲ့စကားဟာ Jongin တစ်ကိုယ်လုံးကို တုန်လှုပ်အောင်စွမ်းဆောင်နိုင်၏။

"ဘယ် ..... ဘယ်လိုပြောလိုက်တာ?? အန် .... အန်တီ"

တစ်ခါမှစကားပြောဖူးခြင်းမရှိတဲ့ Sehun Omma ကို အထစ်ထစ်အငေါ့ငေါ့နဲ့စကားပြန်ပြောနေမိသည်။ Jongin မှာရှက်စိတ်ရော၊ ကြောက်စိတ်ရောဖြစ်နေပြီး တစ်ကိုယ်လုံးတုန်ယင်ပေမယ့် Ms.Oh ကတော့ ဝိုင်သောက်မပျက်ခပ်မဲ့မဲ့ပြုံးရယ်လျက်ပဲ။

"အောက်တန်းစားလို့ခေါ်လိုက်တာလေ။ ခေါ်တာမှားလို့လား?"

"........"

Jongin ဘာမှပြန်မပြောနိုင်ခင်ပဲ Ms.Oh က စကားဆက်ပြောပြန်သည်။

"မင်းလိုအဆင့်နဲ့များ ဒီလို Party ကိုလာရဲသေးတယ်"

Ms.Oh ရဲ့စကားတွေက Jongin သိက္ခာကိုထိခိုက်နေပေမယ့် စိတ်ဆိုးဒေါသထွက်ဖို့ထက် ကြောက်ရွံ့ပြီး စိတ်မလုံခြုံမှုဖြစ်တာကကြီးစိုးနေသည်။ Jongin Ms.Oh ကိုကြောက်သည်။ မာနကြီးပြီးဂုဏ်မြင့်တဲ့ Ms.Oh ကို Jongin ကဘယ်နေရာမှမယှဉ်နိုင်ဖူး။

"ကိုယ့်အဆင့်ကိုယ်သိပြီး မမှီတဲ့ပန်းကိုလှမ်းနေတာ တော်သင့်ပြီ Kim Jongin။ ထပ်ပြီးရှေ့ဆက်လာရင် ငါ့ဘက်ကလည်းအေးအေးဆေးဆေးထိုင်ကြည့်နေမယ် မထင်နဲ့"

ရှန်ပိန်သွားယူနေတဲ့ Sehun ကလည်း Jeno အဖေနဲ့စကားပြောနေပြီး Jongin နဲ Ms.Oh အဖြစ်ကိုမြင်ပုံမရ။ Sehun ကိုအနားမှာရှိစေချင်လှပြီ။ Ms.Oh ခြိမ်းခြောက်မှုတွေကို Jongin ကြောက်ပါသည်။

"ကဲ .... ငါ့ဘက်ကပြောစရာရှိတာပြောပြီးပြီဆိုတော့ သွားတော့မယ်။ ဘာလုပ်သင့်လဲဆိုတာ မင်းဘာသာဆုံးဖြတ် Kim Jongin"

Ms.Oh စားပွဲဝိုင်းကထသွားသည်အထိ Jongin ပါးစပ်ကကော်စေးကပ်ထားသလို ဘာသံမှထွက်မရခဲ့ပါ။။ထိတ်လန့်ကြောက်ရွံ့မှုနဲ့အတူ တစ်ကိုယ်လုံးတုန်နေတော့သည်။

"Innie ..... ခုနက Omma မင်းကိုဘာတွေလာပြောနေတာလဲ? ငါ Jeno အဖေကလာနှုတ်ဆက်လို့စကားပြောနေတာနဲ့ ကြာသွားတယ်။ Omma မင်းကိုဘာတွေပြောလဲ?"

DevotionWhere stories live. Discover now