Catorce

129 21 6
                                    

Unicode

"အမေတစ်ယောက်လုံးကို ကလန်ကဆန်လုပ်ပြီး အဲကောင်ကိုပဲ တမ်းတမ်းစွဲဖြစ်နေတာလား Oh Sehun"

Omma အသံကမကျေနပ်သံနဲ့ စိတ်ပျက်နေဟန်ရှိ၏။ Sehun ကလည်း အံကြိတ်ပြီးဒေါသထွက်ဟန်ရှိသည်။ Omma ရဲ့ Sehun အပေါ် အပြောအဆိုတွေကို ခံနိုင်ရည်ရှိပေမယ့် Jongin ကိုပြောဆိုလာတဲ့အခါ Sehun အဖို့ခံနိုင်ရည်မရှိပါ။

Jongin ကိုသိပ်ချစ်ရတာမို့ စကားလေးနှင့်ပင်အထိအခိုက်မခံနိုင်တာအမှန်ပဲ။ ပြောတဲ့သူက Omma ဖြစ်နေခဲ့ရင်တောင် Jongin ကိုထိခိုက်ပြောဆိုလာရင် သည်းမခံချင်တော့ပါ။ Jongin ခမျာ Sehun နဲ့စတွဲထဲက Omma အနိုင်ကျင့်သမျှခံလာရတာ အားနာလှပြီ။ Sehun ဘက်ကလည်း အပြည့်အဝကာကွယ်မပေးနိုင်လို့ စိုးရိမ်ရပြန်သည်။

"Omma တော်ပါတော့။ ဘာလို့ ဒီကိစ္စပဲအမြဲပြောနေရတာလဲ? ကျွန်တော့်ဘက်က နောက်ဆုတ်ဖို့မရှိတဲ့ကိစ္စမှာ Omma ကဘာလို့ ဝင်ရှုပ်နေရတာလဲ?"

"မင်းမဟုတ်တာလုပ်နေလို့ ငါကပြောနေရတာပေါ့။ မင်းသာအနေမှန်ရင် ငါကအခုလိုလိုက်ပြောနေစရာလိုလား။ မင်းလုပ်ပုံတွေမင်းသုံးသပ်လေ။ ဘွဲ့ရပြီးလို့ လုပ်ငန်းခွင်တောင်ဝင်နေပြီ။ မင်းကအခုထိ Kim Jongin နဲ့တွဲတုန်းပဲ။ ငါ့အသိုင်းအဝိုင်းတွေလည်းအကုန်သိနေပြီ။ မင်းကိုငါဘယ်လို လုပ်ရမလဲ Oh Sehun ရယ်"

"ဘယ်လိုမှမလုပ်နဲ့..... Omma ပါးစပ်က Jongin နာမည်ကိုမထွက်ပါနဲ့။ Omma သူ့ကိုထိပါးတာတွေများနေပြီ။ ကျွန်တော်သည်းခံနိုင်စွမ်းကုန်နေပြီ"

Sehun အော်လိုက်ပေမယ့် Omma ကလည်း ဒေါသကမလျှော့။

"မင်းဘက်က Jongin ကိုအထိမခံသလို ငါ့ဘက်ကလည်း မင်းနာမည်ကောင်းရဖို့ ကြိုးစားနေရမှာပဲ"

"Jongin ကိုထပ်ပြီးထိခိုက်အောင် မလုပ်ပါနဲ့တော့။ Omma မကျေနပ်ရင် ကျွန်တော့်ကိုပဲပြောပါ။ Jongin ကိုမပြောပါနဲ့"

Omma က သက်ပြင်းချပြီး သူ့နဖူးသူရိုက်တော့သည်။

"မင်းကငါ့သားလေ။ ငါ့သွေးသား ငါတို့ Oh မျိုးရိုးရဲ့ဆက်ခံသူပါ။ မင်းကိုငါက မပြောချင်ဖူး။ Kim Jongin ကိုပဲ​ပြောရမှာပေါ့"

DevotionWhere stories live. Discover now