Cuatro

190 28 43
                                    

Unicode

ညနေခင်းကျောင်းဆင်းချိန်တစ်ခုဖြစ်သည်။

xxx အထက်တန်းကျောင်းက ကျောင်းသားအားလုံးကျောင်းဆင်းသွားကြပြီ။ ကျောင်းထဲမှာ ဆရာတစ်ချို့သာကျန်ခဲ့ပြီး ကျောင်းဝန်းတစ်ခုလုံးတိတ်ဆိတ်နေပါသည်။ သို့သော် တစ်ခုသောကျောင်းခန်းထဲမှာတော့ ကျောင်းသားနှစ်ယောက် စကားပြောနေကြသည်ကိုတွေ့နိုင်ပါ၏။

ကျောင်းခန်းတစ်ခုထဲ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြသည်ကRavi နဲ့ Sehun ဖြစ်သည်။ Ravi က တပ်ထားတဲမျက်မှန်ဝိုင်းလေးကတစ်ဆင့် Oh Sehun ကိုကြည့်နေလိုက်သည်။ Oh Sehun က ထုံးစံအတိုင်း တစ်လောကလုံးသူ့လုပ်စာထိုင်စားရတဲ့ရုပ်နဲ့ လက်ကိုပိုက်ပြီးထိုင်ခုံကိုမှီရင်း Ravi ကိုပြန်ကြည့်နေ၏။

"ဘာကိစ္စလဲ??? မင်းကစကားပြောချင်တယ်ဆိုလို့ ဒီမှာစောင့်နေရတာ ငါ့ကို Jeno တို့ကားပါကင်မှာစောင့်နေကြရပြီ။ ပြောစရာရှိတာမြန်မြန်ပြော"

Ravi က Sehun ကိုကြည့်ရင်းဒေါသထွက်နေသည်။ တလောက စာကြည့်တိုက်ထဲမှာ Jongin အပေါ် ပြုမူထားတဲ့ Sehun ရဲ့လုပ်ရပ်ကိုပြန်မြင်ယောင်ရင်း နှုတ်ခမ်းကိုပါကိုက်ထားမိသည်။

"တဲ့တိုးပဲပြောလိုက်မယ် Oh Sehun။ တလောက မင်းစာကြည့်တိုက်ထဲကအပြုအမူကို မင်းဆန်းစစ်ကြည့်စမ်း။ အိပ်ပျော်နေတဲ့ Jongin ကိုမင်းနမ်းနေတာ မင်းဘယ်လိုလူလဲ???? မင်းကအခွင့်အရေးသမားလား?"

Ravi စကားကြောင့် Sehun မျက်လုံးလေးတွေ တစ်ချက်တော့ပြူးသွားပေမယ့် ချက်ချင်းမျက်မှောင်ပြန်ကုတ်ထားလိုက်သည်။

"မင်းက သူများရဲ့ Personal time တွေကိုလိုက်စပ်စုနေတာလား Ravi? မထင်မိဖူး မင်းကအဲလိုလူမှန်း။ ငါ့ကိုလိုက်ချောင်းနေတာလား"

"စကားကိုကပ်သပ်မပြောနဲ့ Oh Sehun။ မင်းကိုချောင်းတာမဟုတ်ဖူး။ Jongin ကိုစာကြည့်တိုက်ထဲလိုက်ရှာရင်း မင်းလုပ်ရပ်ကိုမြင်ခဲ့တာ။ မင်းလုပ်ရပ်က ငါ့နေရာမှာတခြားသူသာမြင်ခဲ့ရင် တစ်ကျောင်းလုံးက Jongin ကိုပဲ ပြောဆိုကြမှာ။ မင်းကိုတော့ ဘယ်သူကပြောရဲကြမှာလဲ?? မင်းရဲ့ Omma က မင်းကိုသူများတွေ အပြောအဆိုရပ်အောင် အရာရာလုပ်ပေးမှာလေ။ Jongin မှာသာ သွားပုပ်လေလွင့်ဖြစ်ရမှာ။ ငါ့သူငယ်ချင်း Jongin ကို ထိခိုက်အောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး Jongin ကို သိက္ခာမဲ့စေမယ့်လုပ်ရပ်တွေမလုပ်ပါနဲ့"

DevotionWhere stories live. Discover now