Doce

126 22 33
                                    

Unicode

"တီတီတီ"

မနက်ခင်းနှိုးစက်သံနဲ့အတူ Jongin နိုးထလာရသည်။ မနက်နိုးနိုးချင်းမို့ Jogin မထချင်သေးပဲ မျက်လုံးလေးမှေးလို့နှပ်နေမိသေး၏။

ဒီမနက် Ravi ကိုလေဆိပ်လိုက်ပို့ဖို့ Jongin စောစောထရတာဖြစ်သည်။

Jongin နဲ့ Sehun လည်းတက္ကသိုလ်နောက်ဆုံးနှစ်သို့ရောက်ခဲ့ပြီ။ Ravi က တော့နိုင်ငံခြားကျောင်းလျှောက်ပြီး ဒီနိုင်ငံကထွက်သွားတော့မည်ဖြစ်သည်။

နိုင်ငံခြားမှာကျောင်းတက်မည့် Ravi ကိုနှုတ်ဆက်ရင်း လေဆိပ်လိုက်ပို့ရမည်။ လေဆိပ်သွားရန်ပြင်ဆင်ဖို့ အိပ်ယာကထလိုက်ပေမယ့် ရင်ခွင်ကျယ်တစ်စုံထဲက Jongin ဟာ ရုန်းထွက်မရခဲ့။ Sehun လက်မောင်းကြီးတွေကတွန်းဖယ်မရအောင် ဖက်ထားလေသည်။

"မရုန်းနဲ့ Innie ရာ။ ချစ်လို့ဖက်ထားတာကို။ ငါ့ရင်ခွင်ကြီးကမနွေးထွေးဖူးလား??? ဘာလို့ထွက်ပြေးချင်နေတာလဲ???"

ကလေးဆိုးလိုလုပ်နေတဲ့ Sehun ကို Jongin အသဲယားမိသည်။ ချစ်သူသက်တမ်း ၄နှစ်ပြည့်တော့မယ်။ Sehun က စချစ်ခါစ၊ စတွဲခါစကလိုပဲ Jongin အပေါ်ပိုင်စိုးပိုင်နင်းလေးလုပ်တုန်းပဲ။ ဒါပေမယ့် Sehun ရဲ့အချစ်တွေကတော့ လျော့မသွားသေး။

"ဖယ်ကွာ Hun။ Ravi ကိုပို့ဖို့ရှိတယ်လေ။ ရေချိုးမလို့ကို"

Sehun ကပြောလေကဲလေပဲ။ Jongin ကရုန်းလေပိုဖက်ထားလေပဲ။

"ညကအရှိန်နဲ့ မင်းလမ်းလျှောက်နိုင်လို့လား Innie"

ဖက်ရင်းပြောနေတဲ့ Sehun ကြောင့် Jongin ရှက်ရွံ့မိသည်။ ချစ်သူသက်တမ်း ၄နှစ်ထဲဝင်လာပြီဖြစ်ပေမယ့်လည်း Sehun ဆီကအဲလိုစကားတွေကြားရင် ရှက်တုန်းပဲ။

ဒါပေမယ့် ရှက်နေလို့မဖြစ်သေး၊ လေဆိပ်သွားဖို့နောက်ကျမှာစိုးတာကြောင့် Sehun ဖက်ထားတာကိုအတင်းရုန်းကန်ပြီး ကုတင်ပေါ်ကထရသည်။

Sehun ကတော့ထုံးစံအတိုင်းအလိုမကျတဲ့ရုပ်လေးနဲ့ မျက်ခုံးတွေမှုန်ကုတ်နေလေရဲ့။

"ညကမင်းသောင်းကျန်းထားပေမယ့် ငါလမ်းလျှောက်နိုင်ပါတယ်ကွ။ ငါ့ကိုပျော့တိပျောဖက်လေးထင်နေတာလား? မီတာ ၁၀၀ အပြေးတောင်ဝင်ပြိုင်လို့ရသေးတယ်... ဟွန့်"

DevotionWhere stories live. Discover now