Diecisiete

94 8 5
                                    

Unicode

"Jongin shi ..... တင်ပြလာတဲ့ proposal က Typing error တွေများနေတယ်။ အရင်ကဒီလိုမဟုတ်ပါဖူး။ ဂရုစိုက်ပါဦး။ သေချာပြန်လုပ်ပေးပါ"

"အာ ..... တောင်းပန်ပါတယ်။ ကျွန်တော် ပြန်ပြင်ပေးပါ့မယ်"

"ရုံးမဆင်ခင် ကျမစားပွဲပေါ်လာတင်ပေးထားပါ"

"ဟုတ်ကဲ့"

မန်နေဂျာအမပြန်ထွက်သွားမှ Jongin အလုပ်စားပွဲမှာပြန်ထိုင်ရင်း အမှားတွေပြင်ဖို့လုပ်ရသည်။ အလုပ်ထဲစိတ်မနှစ်နိုငိအောင်ကို Jongin စိတ်လွတ်နေခဲ့တာ။

၆နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ Sehun ကိုမေ့ပစ်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှမေ့ဖျောက်မရ။

Sehun ကလည်း မဆက်သွယ်တာ တစ်ပတ်ကျော်ပြီ။ အိမ်မှာလည်း Jongin နေရတာမပျော်။ ဖေဖေကတော့ နယ်ဘက်ကိုကားမောင်းတဲ့အလုပ်ရလို့ ထရပ်ကားမောင်း လိုက်သွားလေရဲ့။ ဖေဖေနဲ့လည်း ရန်တွေဖြစ်ရလွန်းလို့ စိတ်ညစ်မိသည်။ အခုနယ်ထွက်သွားတော့ အနည်းငယ်စိတ်သက်သာရရနေပါ၏။

Ms.Oh ပြောတဲ့စကားတွေက ရက်စက်ပေမယ့် သမာသမတ်ကျပါတယ်လေ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာပဲလေ။

Sehun ဟာ အမျိုးသမီးတစ်ဦးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးပိုင်ဆိုင်သင့်ပါတယ်လေ။ သူ့လို အခြေအနေမရှိတဲ့သူကို လက်တွဲရင် Sehun ဘဝက မှေးမှိန်နေမှာ။

အတွေးတွေကိုရပ်တန့်လို့ အလုပ်ထဲအာရုံပြန်စိုက်ရပြန်သည်။ အလုပ်မှာအမှားများလို့မဖြစ်။ ဒီလကုန်ရာထူးတိုးတဲ့စာရင်းထဲ Jongin ပါချင်သေးသည်။

Proposal ပြန်ပြင်ရင်းရုံးဆင်းချိန်အမှီ မန်နေဂျာစာပွဲပေါ်တင်ပြနိုင်ခဲ့သည်။ ရုံးဆင်းတာနဲ့ မြေအောက်ရထားဘူတာကိုသွားလိုက်သည်။

အရာရာကပုံမှန်လိုပါပဲ။ ရုံးတက်သည်။ ရုံးဆင်းသည်။ အိမ်ရောက်ရင် ထမင်းချက်စားမည်။ ပြီးရင်အိပ်မည်။ အရာရာကပုံမှန်လိုဖြစ်နေပေမယ့် Sehun မပါတဲ့နေ့ရက်တွေက Jongin အတွက် ခါးသီးလှသည်။

ဝေးကွာနေမှ Sehun ကို မရှိမဖြစ်အရမ်းကို လိုအပ်နေမှန်း သိလာရသည်။

DevotionWhere stories live. Discover now