Cinco

166 23 18
                                    

Unicode

Jongin အိမ်တံခါးသေချာပိတ်ပြီးသွားတဲ့အခါ Sehun မျက်နှာကအပြုံးတို့ကလွင့်ပျယ်သွားပြီး ကြောက်စရာအသွင်ဖြစ်လာတော့သည်။

Jongin အိမ်ရှေ့မှာရပ်ထားတဲ့ ပြိုင်ကားအနီလေးပေါ်က ဒေါသတကြီးအောက်ဆင်းပြီး မလှမ်းမကန်းမှာရပ်ထားတဲ့ ကားအနက်ဆီ Sehun လျှောက်သွားလိုက်သည်။ ပြီးတော့ ထိုကားအနက်ရဲ့ Driver Seat ဘက်က ကားမှန်ကို သူ့တံတောင်နဲ့ အားပြင်းပြင်းရိုက်ခွဲလိုက်တော့၏။

"ခွမ်း...."

"အမလေး..... ဘာ... ဘာလုပ်တာလဲ??"

ကားထဲကလူကကြောက်လန့်တကြားအော်ပေမယ့် Sehun ကတော့ ဒေါသတကြီးနဲ့ ထိုလူကိုကားပြတင်းပေါက်နေဆွဲထုတ်လိုက်၏။

"အား.... မလုပ်ပါနဲ့... ကယ်ကြပါ... .အု.... အာ့"

ကားပေါ်ကလူကကြောက်လန့်တကြားအော်ပေမယ့် Sehun ကပါးစပ်ကိုပိတ်ပြီး ပြိုင်ကားအနီလေးဆီအတင်းဆွဲခေါ်လာသည်။ ပတ်ဝန်းကျင်ကသတိမထားမိခင် ကားအနီလေးဆီကို ကမန်းကတန်းဆွဲခေါ်လာရ၏။

"အု ....အု... အင့်..."

ဆွဲခေါ်လာသူကအတင်းရုန်းပြီး အော်ဖို့ကြိုးစားနေလို့ Sehun လည်းအားထည့်ပြီး ဆွဲခေါ်နေရသည်။ Sehun ရဲ့ ကားအနီလေးနဲ့ ထိုလူရဲ့ကားကသိပ်မဝေးပေမယ့် တရွတ်တိုက်ဆွဲခေါ်ရလို့ ခရီးကသိပ်မတွင်ဖူး။

"အော်မနေနဲ့။ မင်းကငါ့ကိုဒေါသထွက်အောင်လုပ်ထားတာ။ မင်းအပြစ်နဲ့မင်းပဲ"

"ဒုတ်"

Sehun ထိုလူကိုတံတောင်နဲ့ခေါင်းကိုရိုက်ချလိုက်ရာ သတိမေ့သွားတော့၏။ ထိုအခါမှ ပြိုင်ကားအနီလေးပေါ် တင်ပြီးကားကိုမောင်းထွက်သွားတော့သည်။

<3<3<3<3<3<3<3<3

"မင်းကိုဘယ်သူခိုင်းတာလဲ"

အသံကခက်ထန်လွန်းပြီး ကြောက်စရာကောင်းနေ၏။ ဆံပင်ကိုလက်အားနဲ့ဆွဲခံထားရပြီး ဝမ်းဗိုက်ကိုပစ်ဝင်လာတဲ့ လက်သီးချက်တွေကြောင့် အနှီလူသားက မလူးမလွန့်သာ သေကောင်ပေါင်းလဲပဲ။

လက်သီးတွေပစ်သွင်းနေတဲ့ ကောင်လေးဟာအရမ်းကိုသန်မာလွန်းနေသည်။ အထိုးခံရတဲ့လူက အသက်ပိုကြီးပုံရပေမယ့် ကောင်လေးရဲ့အားကိုမတွန်းလှန်နိုင်ဖူး။

DevotionWhere stories live. Discover now