Quince

173 17 8
                                    

Unicode

"အင့် .... ခဏနေပါဦး ... Hun ... အင့်"

အငမ်းမရနမ်းနေတဲ့ Sehun ကို Jongin ရုန်းကန်နေရသည်။ အားပိုကြီးတဲ့ Sehun ဖက်ထားတဲ့လက်တွေထဲက မနည်းကိုရုန်းကန်ရင်း နမ်းနေတာကိုရပ်တန့်ရသည်။ မဟုတ်ရင် Jongin အသက်ရှူကြပ်ပြီးသေတော့မည်။

"ဘာဖြစ်လို့လဲ Innie? မကြိုက်လို့လား?"

Sehun ကမျက်မှောင်တွေကုတ်ပြီးမေးတဲ့အခါ Jongin စိတ်တိုလာရသည်။ ကိုယ့်ကောင်လေးက နမ်းတာမကြိုက်ပဲနေမလား။ ဒါပေမယ့် အခုလိုနမ်းတာကြီးကြ Jongin နှုတ်ခမ်းထူထူလေး အရည်ပျော်တော့မည်လေ။

"မကြိုက်တာတော့မဟုတ်ဖူးလေ။ မင်းကသေမလိုနမ်းနေတာကိုး။ ငါ့လဲအသက်ရှူခွင့်လေးပေးဦး Oh Sehun ရဲ့"

"ငါ့ကို နာမည်အပြည့်အစုံမ​ခေါ်နဲ့လို့ပြောထားတယ်လေ။ Hun လို့ပြန်ခေါ်"

စိတ်ကောက်သွားတဲ့ Sehun ကို Jongin ပြန်ချော့ဖို့လုပ်ရပြန်သည်။ နာမည်အပြည့်အစုံခေါ်ရင် မကြိုက်တဲ့ Sehun က မှားခေါ်မိရင် စိတ်ကောက်မဆုံးတော့။

"Hun Hun Hun ကျေနပ်ပြီလား"

Jongin မချော့သေးပဲ တမင်လေသံမာမာနဲ့ပဲ နာမည်ခေါ်ပေးလိုက်သည်။ ဒါပေမယ့် Sehun ကမကျေနပ်သေး။

"ဘယ်လိုအသံကြီးနဲ့ခေါ်နေတာလဲ။ နူးနူးညံ့ညံ့လေးခေါ်လေ"

Jongin မျက်နှာလေးကိုပြုံးထားလိုက်ပြီး Sehun ရင်ခွင်ထဲတိုးဝင်လိုက်သည်။ ပြီးမှ Sehun မေးဖျားလေးကို လက်လေးနဲ့ပွတ်သပ်ပေးရင်း ချွဲပစ်နေတဲ့အသံလေးနဲ့ပြောလိုက်တော့သည်။

"Hun .... ငါ့ရဲ့ချစ်ရတဲ့ Hun .... အရမ်းချစ်ရတဲ့ One and only ငါ့ရဲ့ Hun"

ထိုအခါမှ Sehun ကသဘောတကျရယ်ရင်း Jongin ခါးသိမ်သိမ်လေးကိုဖက်လာတော့သည်။

"အဟင်းဟင်း ချစ်တယ်။ သိပ်ချစ်တယ် Innie"

"ငါရောပါပဲ"

နှုတ်ခမ်းနှစ်ခုက ဂဟေပြန်ဆက်သွားတဲ့အခါ Sehun ပေါင်ပေါ် Jongin ရောက်သွားတော့သည်။

အဲဒီ့နောက် Jongin တစ်ကိုယ်လုံးပြေးလွှားလှုပ်ရှားနေတဲ့ Sehun လက်ချောင်းလေးတွေကို ခံစားနေရပါသည်။

DevotionWhere stories live. Discover now