Siete

149 21 14
                                    

Unicode

ဇွတ်တရွတ်လုပ်တက်သော Sehun ကြောင့်ကမ်းခြေသွားတဲ့လမ်းတစ်လျှောက် ကားပေါ်မှာ Jongin ငိုရတာနှာခေါင်းတောင်နီနေသည်။ Sehun ကတော့ Jongin ကို နမ်းလိုက်၊ ဖက်လိုက်နဲ့ ချော့ရင်းနဲ့ ကမ်းခြေကိုရောက်အောင်ခေါ်သွား၏။

Sehun ကခေါင်းမာသည်။ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်တက်၏။ Jongin ကလည်း စိုးရိမ်ပူပန်တက်သည်။ တွေဝေတက်သည်။ ဒီလိုချစ်သူနှစ်ယောက်က အမြဲတမ်းချော့လိုက်ခြောက်လိုက်နဲ့ပျော်စရာတော့ကောင်းပါ၏။

ဖေဖေ့ကိုကြောက်တဲ့ Jongin ဟာ သူငယ်ချင်းတွေနဲ့ ခရီးလိုက်သွားတယ်ပြောတော့ ဖေဖေကစိတ်ဆိုးပြီးဖုန်းချသွားသည်။ Sehun ကတော့ဘာမှအလေးမထားပဲ ပျော်ပျော်နေဖို့ပဲပြောနေသည်။

Jongin ကတော့ အိမ်ပြန်ရင်ဖေဖေဆူမှာသာတွေးပူပြီး မပျော်နိုင်တော့ပါ။ ဒီလိုနဲ့ကမ်းခြေကိုရောက်လာခဲ့ပါပြီ။ ကမ်းခြေရောက်တော့ Jongin ကမျက်နှာလေးမဲ့နေပေမယ့် Sehun ကတော့အရမ်းကိုပျော်နေရှာတယ်။

Sehun က အကောင်းစားဟိုတယ်မှာတည်းခိုတယ်။ အဲဒါကလည်း Yoo Group ပိုင်တဲ့ဟိုတယ်ပါပဲ။ Sehun တို့ကအရမ်းကိုချမ်းသာပြီးပြည့်စုံတဲ့မိသားစုတွေပါပဲ။

ဟိုတယ်ခန်းထဲမှာ တမှိုင်မှိုင်ဖြစ်နေတဲ့ Jongin အနားကို Sehun ရောက်လာပြီး Jongin ကိုယ်လေးကိုဖက်လာတာမို့ ချစ်ရတဲ့ Sehun ရင်ထဲကို Jongin တိုးဝှေ့ဝင်မိသည်။ မျက်နှာလေးမဲ့နေတော့ Sehun ကလည်းစိတ်မကောင်းဖြစ်လာတော့၏။

"စိတ်မညစ်နဲ့တော့ Innie။ မင်းအဖေက မင်းကိုအိမ်ကတော့နှင်မချလောက်ပါဖူးကွာ။ တခါတလေ မိဘတွေလောင်းရိပ်အောက်ကနေ နည်းနည်းတော့ရုန်းထွက်ပေးရတယ်။ ဒါမှမိဘတွေကလည်း ငါတို့ကိုအရမ်း Pressure မပေးရဲမှာ။ မင်း ၁၈ နှစ်ရှိပြီ Innie။ ခရီးသွားတာလောက်တော့ မင်းကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်နေပါပြီကွ"

Sehun စကားတွေကဟုတ်သလိုရှိပေမယ့် Jongin ကြောက်နေသေးသည်။ ဖေဖေ့ကိုရင်ဆိုင်ဖို့ သတ္တိမရှိ။ ဖေဖေကကျောင်းနဲ့အိမ်ကလွဲရင် ဘယ်မှသွားတာမကြိုက်ဖူးလေ။

"ဖေဖေ့ကိုကြောက်တယ် Hun"

"ကျစ် .... Innie ကလဲကွာ .... မင်းအဖေဆူလဲတစ်ရက်ပေါ့။ တစ်ရက်မကဆူလဲ သူဘယ်နှစ်ရက်ဆူနိုင်မလဲ။ ဘယ်သူမှတော့ သားအရင်းကိုထိခိုက်အောင်မလုပ်ကြပါဖူး။ မင်းနဲ့ရက်ညှိပြီးသွားဖို့လုပ်နေရင် မင်းအဖေကမလွှတ်လို့ မင်းငါနဲ့အတူတူခရီးသွားနိုင်မှာမဟုတ်ဖူး။ အဲတာကြောင့် အတင်းစီစဉ်မိတာပါ။ ဒါပေမယ့် မင်းကငါနဲ့ခရီးထွက်လာရတာမပျော်တော့ ကိုယ်လည်းစိတ်မကောင်းဖူး။ မင်းမျက်နှာလေးမရွှင်တော့ ငါလည်းမပျော်တော့ဖူး"

DevotionWhere stories live. Discover now