Ocho

163 24 14
                                    

Unicode

ပင်လယ်ကပြန်လာပြီး ပိတ်ရက်တစ်ခုမှာ Sehun က ရုပ်ရှင်အတူကြည့်ဖို့ချိန်းလို့ ရုပ်ရှင်ရုံကိုအတူတူထွက်လာကြပါသည်။ Sehun က ပြိုင်ကားအနီလေးမောင်းလို့ ရုပ်ရှင်ရုံရှိရာ Mall ကိုလာကြသည်။

ရုံထဲမဝင်ခင် Jongin စားချင်တဲ့ချောကလက်ပေါက်ပေါက်နဲ့ Vanilla Milkshake ဝယ်ပေးပြီး Sehun ကတော့ဘာမှမဝယ်ဖူး။

သရဲကားကြည့်ကြမှာဖြစ်လို့ Jongin ကတော့တက်ကြွနေမိသည်။ Jongin က သရဲကားသိပ်ကြိုက်သည်။

ပင်လယ်ကမ်းခြေကနေ Sehun နဲ့အတူပြန်လာပြီး ဖေဖေ့အဆူခံရပြီးနောက် အခုကပထမဆုံးအကြိမ်အပြင်ပြန်ထွက်တာဖြစ်သည်။ ကြားထဲမှာ Sehun နဲ့မတွေ့ဖြစ်တာ ၁ပတ်လောက်ကြာသွားတယ်လေ။ အခုကဖေဖေကနယ်မြို့သွားပြီးအလုပ်လုပ်လို့ ၂ပတ်လောက် Jongin အပြင်ထွက်ဖို့အဆင်ပြေနေသည်။

ဖေဖေမရှိတုန်း အခွင့်အရေးကိုအသုံးချပြီး Sehun နဲ့အတူတူရုပ်ရှင်လာကြည့်ကြတာပါ။ သရဲကားဆိုတာ Jongin favourite ပဲမို့ Sehun က လိုက်ပြ၏။

ရုံထဲဝင်တာနဲ့ Sehun ကလက်ဆွဲလို့ Jongin ကိုခေါ်သွားသည်။ အရာရာ Sehun ဦးဆောင်တာနောက်လိုက်ရုံပဲ။

Sehun လက်မှတ်ဖြတ်ထားတာက ရုံရဲ့နောက်ဆုံးတန်းက အတွဲခုံဖြစ်သည်။ Sehun နဲ့ချစ်သူဖြစ်ပြီးထဲက ရုပ်ရှင်တူတူမကြည့်ဖူးသေးပါ။ ဒါကပထမဆုံးဖြစ်သည်။ အတွဲခုံမှာကြည့်ရမှာမို့ Jongin ရင်တွေခုန်နေပါသည်။

"ငါ့ကိုမှီပြီးကြည့်လေ"

ရုပ်ရှင်စတာနဲ့ ပိတ်ကားပေါ်ကအရုပ်စုံကို မျက်တောင်မခတ်တမ်း Jongin ကြည့်မိပါသည်။ တစ်ယောက်ထဲတောင့်တောင့်ကြီးထိုင်နေမိတော့ ဘေးက Sehun က Jongin ကိုယ်ကိုသူ့ဘက်အတင်းဆွဲချသည်။

အားနဲ့ဆွဲနေလို့ Jongin ဟာ Sehun ရင်ခွင်ကျယ်ထဲကျရောက်သွား၏။ ထိုအခါ Sehun က ခပ်ဟဟလေးရယ်ပြီး Jongin ဆံနွယ်ညိုလေးတွေကိုနမ်းရှိုက်လာသည်။

"ငါ့ရင်ခွင်ထဲဇိမ်ကျကျကြည့်စမ်းပါ။ ပေါက်ပေါက်လည်းခွံ့မယ်နော်"

"အွန်း Hun"

Jongin တစ်ယောက် Sehun ရင်ခွင်ထဲကနေ သရဲကားကြည့်နေသည်။ Sehun ခွံ့တဲ့ချောကလက်ပေါက်ပေါက်စားလိုက် Sehun ကိုင်ပေးထားတဲ့ Vanilla milkshake ဘူးကိုစုပ်သောက်လိုက်၊ သရဲခြောက်တဲ့အခန်းဆို ရင်ခွင်ကျယ်ကြီးထဲဝင်ပုန်းလိုက်နဲ့ သဘောအကျကြီးကျနေတော့သည်။

DevotionWhere stories live. Discover now